360 Sports မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ ့ပြိုင်ပွဲကို တွဲဆိုင်း ၁၃ ဆိုင်းဖြင့် ကျင်းပပြုလုပ်
360 Sports မှ ဦးစီး၍ မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ ့ပြိုင်ပွဲကို အောက်တိုဘာ ၂ ရက်က သိမ်ဖြူလက်ဝှေရုံတွင် တွဲဆိုင်း(၁၃) ဆိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ပွဲစဉ်(၁) တွင် ဗူးသီး(Smart Fight) နှင့် ဇွဲတံခွန်(ဇွဲမြန်မာ) မှာ သရေ၊ ပွဲစဉ်(၂) တွင် သြဘာစိန်(ဇာတိမာန်) နှင့် ပြည့်စုံ(Holly Power) မှာ သရေ၊ ပွဲစဉ်(၃) တွင် စောလယ် ရဲ(ရိုးရာကျား)က ရဲမာန်(YMCA) ကို ပထမအချီတွင် အနိုင်၊ ပွဲစဉ်(၄) တွင် နေလင်း(ဇွဲမြန်မာ) နှင့် ဘရန်ဆိုင်း(Python) မှာ သရေ၊ ပွဲစဉ်(၅) တွင် ကျော်လင်းအောင်(BBH) နှင့် ဆလိုင်းမင်းနိုင်မှာ သရေ၊ ပွဲစဉ်(၆) တွင် စောခေးယူထူး(ရိုးရာကျား) နှင့် ဇွဲရန်နိုင်(BBH) မှာ သရေ၊ ပွဲစဉ်(၇)တွင် ထွန်းလင်းအောင် (ကျားမနိုင်) နှင့် စောစတိဗ်(YGN Fight) မှာ သရေ၊ ပွဲစဉ်(၈) တွင် ညီရဲခန် ့(YGN Fight) က ဂျိုးဂျိုး(BBH) ကို တတိယအချီတွင် အနိုင်၊ ပွဲစဉ်(၉) တွင် စောရှောလမုန်(ရိုးရာကျား) က မင်းခန် ့(လုံးချော) ကို တတိယအချီ တွင် အနိုင်၊ ပွဲစဉ်(၁၀) တွင် မင်းထက်ကျော် (နဂါးမာန်) က မျိုးအောင်(Ray) ကို ပထမအချီတွင် အနိုင်၊ ပွဲစဉ်(၁၁) တွင် ဇော်သက်နောင်(Smart Fight) နှင့် မိုက်မိုက်(ဇာတိမာန်) မှာ သရေ၊ ပွဲစဉ်(၁၂) တွင် ပိုင်စိုးဦး(Oscar) က မင်းအောင်ကျော်(STL) ကို အနိုင်၊ ပွဲစဉ်(၁၃) တွင် ထွန်းမင်းအောင်(TTM) က ဝဏ္ဍကြီးကို အနိုင်ရရှိခဲ့ကြသည်။

Share: