ချန်ပီယံလိဂ်အုပ်စုပွဲစဉ်-၃(ပထမနေ့) ပွဲကြိုသုံးသပ်ချက်
ဘိုင်ယန်မြူးနစ် - ဗစ်တိုးရီးယားပယ်လ်ဇန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၄ ရက် ည ၁၁း၁၅ နာရီ) ဘိုင်ယန်မြူးနစ်က ဘွန်ဒစ်လီဂါမှာ ခြေစွမ်းအနည်းငယ်ကျဆင်းနေပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ နိုင်ပွဲရခဲ့တယ်။ ချန်ပီယံလိဂ်မှာတော့ ပြီးခဲ့တဲ့နှစ်ပွဲစလုံးမှာ အသင်းကြီး နှစ်သင်း စလုံးကို အနိုင်ကစားထားပြီးဖြစ်လို့ အခက်အခဲမရှိတဲ့ အနေအထားပါ။ ဒီပွဲလည်း အိမ်ကွင်းဖြစ်နေတဲ့အပြင် ပြိုင်ဘက်အသင်းကလည်း အားအနည်းဆုံးအသင်းဖြစ်နေလို့ ဘိုင်ယန်မြူးနစ် ခပ်လွယ်လွယ်ပဲ ဂိုးပြတ်သွင်းလိမ့်မယ်။ မာဆေးလ် - စပို့တင်းလစ္စဘွန်း (မြန်မာစံတော်ချိန် အောက်တိုဘာ ၄ ရက် ည ၁၁း၁၅ နာရီ) စပို့တင်းလစ္စဘွန်းအသင်းက အုပ်စုတွင်း အားအကောင်းဆုံးအသင်းလို့ ပြောလို့ရတဲ့ စပါးအသင်းကို အနိုင်ယူခဲ့တယ်။ အဓိက ကစားသမားတချို့ ထွက်သွားပေမဲ့ အသင်းက ပုံစံပျက် မသွားဘူး။ နှစ်ပွဲကစားပြီးတဲ့အချိန်မှာ ပေးဂိုးမရှိသေးသလို၊ သွင်းဂိုး(၅)ဂိုးအထိ ရထားတယ်။ မာဆေးလ်က နှစ်ပွဲပေါင်း (၁)ဂိုးမှ မသွင်းနိုင်သေးတဲ့အသင်းလည်းဖြစ်တယ်။ ဒီပွဲလည်း စပို့တင်းလစ္စဘွန်းကို ကြိုက်တယ်။ လီဗာပူးလ် - ရိန်းဂျားစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၅ ရက် နံနက် ၁း၃၀ နာရီ) လီဗာပူးလ်အသင်းကတော့ နာပိုလီကို ရှုံးပြီးတဲ့နောက် အေဂျက်စ်ကို ပြန်အနိုင်ကစားထားတယ်။ ရိန်းဂျားစ်က လီဗာပူးလ်ရဲ့ အုပ်စုတွင်း ပြိုင်ဘက်အသင်းနှစ်သင်းစလုံး အနိုင်က စားထားတဲ့အသင်းဖြစ်ပြီး လီဗာပူးလ်အတွက် အမှားခံလို့မရတဲ့ အခြေအနေလည်းဖြစ်တယ်။ အိမ်ကွင်းဖြစ်နေတဲ့အပြင် ရိန်းဂျားစ်ကလည်း ဒီအုပ်စုမှာ အရမ်းအားနည်းနေတဲ့ အသင်းဖြစ်လို့ လီဗာပူးလ် နိုင်ပွဲဆက်မယ်။ အေဂျက်စ် - နာပိုလီ (မြန်မာစံတော်ချိန် အောက်တိုဘာ ၅ ရက် နံနက် ၁း၃၀ နာရီ) ဥရောပရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲစဉ်ပါ။ အေဂျက်စ်က ရိန်းဂျားစ်ကိုနိုင်ပြီး လီဗာပူးလ်ကို ရှုံးထားတယ်။ နာပိုလီကတော့ နှစ်ပွဲစလုံး နိုင်ပွဲရ ထားတယ်။ ဒီပွဲမှာသာ နာပိုလီက သရေလောက်ထိန်းကစားနိုင်ရင် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းပါပြီ။ လက်ရှိခြေစွမ်းအရ သိပ်မကွာကြသလို၊ ပြည်တွင်းလိဂ်မှာလည်း နှစ်သင်းစလုံး အခြေအနေကောင်းနေပါတယ်။ ဒီပွဲက အေဂျက်စ်ကွင်းမှာ သရေကျဖို့ များတဲ့ပွဲပါ။ ပေါ်တို - လေဗာကူဆင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၅ ရက် နံနက် ၁း၃၀ နာရီ) ပေါ်တူဂီက ဘင်ဖီကာ၊ စပို့တင်းလစ္စဘွန်းတို့ ရာနှုန်းပြည့်နိုင်ပွဲတွေ ယူထားချိန်မှာ ပေါ်တိုအသင်းကတော့ နှစ်ပွဲကစား နှစ်ပွဲစလုံး ရှုံးထားတာကို တွေ့ရတယ်။ လေဗာကူဆင်အသင်း က အက်သလက်တီကိုအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ကစားတာ တော်တော်လေးကောင်းပါတယ်။ ဒါပေမဲ့ အဝေးကွင်းမှာတော့ သိပ်စိတ်မချရဘူး။ ပေါ်တိုကလည်း နိုင်ပွဲ မဖြစ်မနေရှာရတော့မှာဖြစ်လို့ ပေါ်တိုကို ကြိုက်တယ်။ ကလပ်ဘရုဂေး - အက်သလက်တီကို (မြန်မာစံတော်ချိန် အောက်တိုဘာ ၅ ရက် နံနက် ၁း၃၀ နာရီ) ကလပ်ဘရုဂေးက ဒီရာသီမှာ အံ့အားသင့်စရာ ခြေစွမ်းကို ပြသနေတဲ့အသင်းဖြစ်တယ်။ လေဗာကူဆင်ကို အိမ်ကွင်းမှာ အနိုင်ကစားခဲ့သလို၊ ပေါ်တိုကို အဝေးကွင်းမှာ ဂိုးပြတ်နိုင် ခဲ့တဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းက အထင်ကြီးစရာကောင်းတယ်။ အက်သလက်တီကိုမက်ဒရစ်က သာမန်ပဲ ရှိပါတယ်။ ဆီဗီလာကို အနိုင်ရခဲ့တဲ့ပွဲမှာ ကစားပုံတော်တော်ကောင်းပေမဲ့ ခြေစွာ နေတဲ့ ကလပ်ဘရုဂေးအသင်းရဲ့ကွင်းမှာ အက်သလက်တီကို ရလဒ်ကောင်းဖို့မလွယ်ဘူး။ အင်တာမီလန် - ဘာစီလိုနာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၅ ရက် နံနက် ၁း၃၀ နာရီ) အင်တာမီလန်အသင်းက အန်တိုနီယိုကွန်တီလက်ထက်မှာ ပုံစံကောင်းတွေပြခဲ့ပြီးမှ ကွန်တီနောက်ပိုင်းမှာတော့ တဖြည်းဖြည်း ပြန်ကျလာခဲ့ပြီး အခုအချိန်မှာ စိတ်ပျက်စရာဖြစ်နေပြီ။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း ရိုးမားအသင်းကို အိမ်ကွင်းမှာ ရှုံးခဲ့တယ်။ ဘာစီလိုနာက လီဝန်ဒေါစကီးရဲ့ ဦးဆောင်မှုနဲ့အတူ အကောင်းဆုံးပုံစံဆီကို တဖြည်းဖြည်း ဦးတည်လာ တယ်။ ကစားကွက်တည်ဆောက်ပုံ ကောင်းသလို၊ အခွင့်အရေးတွေကိုလည်း ရှာဖွေနိုင်တာတွေ့ရတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲတုန်းက အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပေမဲ့ ဘာစီလိုနာကစားတာ အရမ်းကောင်းပါတယ်။ ဒီပွဲမှာလည်း အဝေးကွင်းဆိုပေမဲ့ ဘာစီလိုနာ ပုံစံကောင်းပြပြီး နိုင်ပွဲယူပါလိမ့်မယ်။ ဖရန့်ဖတ် - စပါး (မြန်မာစံတော်ချိန် အောက်တိုဘာ ၅ ရက် နံနက် ၁း၃၀ နာရီ) စပါးအသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ စပို့တင်းလစ္စဘွန်းကို မထင်မှတ်ဘဲ ရှုံးခဲ့သလို ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အာဆင်နယ်အသင်းကို ဂိုးပြတ်ရှုံးခဲ့တယ်။ စပါးအ သင်းရဲ့ ခံစစ်မှာ အမှားသေးသေးလေးတွေကို တွေ့ရပြီး အဲဒီအမှားတွေကနေ ဂိုးပေးလိုက်ရတာမျိုးကိုလည်း တွေ့ရတယ်။ ဖရန့်ဖတ်ကလည်း ဒီရာသီမှာ တော်တော်လေးအားနည်းနေ တဲ့အသင်းဖြစ်ပြီး အိ်မ်ကွင်းမှာလည်း စိတ်မချရပါဘူး။ စပါးကိုပဲ ကြိုက်တယ်။

Share: