ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်
ဆာလ်ဇ်ဘာ့ဂ် - ဒိုင်နမိုဇာဂရက် (အင်္ဂါည ၁၁း၁၅ နာရီ) ဒိုင်နမိုဇာဂရက်က ချယ်လ်ဆီးကို နိုင်၊ အေစီမီလန် ကို ရှုံးထားပြီး ဆာလ်ဇ်ဘာ့ဂ်ကတော့ ချယ်လ်ဆီးနဲ့ အေစီမီလန် နှစ်သင်းစလုံးကို သရေကစားထားတယ်။ နှစ်သင်းစလုံးရဲ့ ခြေ စွမ်းပိုင်းက မဆိုးဘူး။ စုစည်းမှုရှိပြီး အသင်းလိုက်မာကျောကြ တယ်။ တစ်ဦးချင်းအရည်အသွေးပိုင်းမှာတော့ ဆာလ်ဇ်ဘာ့ဂ် က ပိုကောင်းပြီး ဒိုင်နမိုဇာဂရက်ကလည်း တိုက်စစ်ပိုင်းက မာ ကျောထက်မြက်ပါတယ်။ ခြေသိပ်မကွာကြပေမဲ့ ဆာလ်ဇ်ဘာ့ဂ် အိမ်ကွင်းဖြစ်လို့ ဆာလ်ဇ်ဘာ့ဂ်ကို ကြိုက်တယ်။ လိုက်ပ်ဇစ် - ဆဲလ်တစ် (အင်္ဂါည ၁၁း၁၅ နာရီ) လိုက်ပ်ဇစ်နဲ့ ဆဲလ်တစ်က ခြေသိပ်မကွာဘူးလို့ ပြောလို့ ရတယ်။ လိုက်ပ်ဇစ်ရဲ့ ဒီရာသီခြေစွမ်းက စိတ်ပျက်စရာဖြစ်ပြီး ရှက်တာကို ဂိုးပြတ်ရှုံးခဲ့သလို၊ ရီးယဲလ်မက်ဒရစ်နဲ့ပွဲမှာလည်း ဒုက္ခပေးနိုင်စွမ်း မရှိခဲ့ဘူး။ ဆဲလ်တစ်ကတောင် စုဖွဲ့မှုရော၊ စိတ် ဓာတ်ပိုင်းပါ ပိုကောင်းနေတာ တွေ့ရသေးတယ်။ ဒါပေမဲ့ ဒီပွဲက အုပ်စုတတိယနေရာအတွက် အရေးကြီးတဲ့ပွဲလို့ ပြောလို့ရ တယ်။ အမှတ်လျော့ရင် လိုက်ပ်ဇစ် အခြေအနေပိုဆိုးသွားမယ်။ လိုက်ပ်ဇစ် ကပ်နိုင်လိမ့်မယ်။ ချယ်လ်ဆီး - အေစီမီလန် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) ပုံစံကောင်းပြနေတဲ့ အေစီမီလန်ကို ချယ်လ်ဆီး ခက်ခက်ခဲခဲရင်ဆိုင်ရလိမ့်မယ်။ ချယ်လ်ဆီးရဲ့လက်ရှိခြေစွမ်းက အ ကောင်းဆုံးပုံစံမှာ ရှိမနေဘူး။ စုဖွဲ့ပုံကောင်းပြီး ဘောလုံးကိုင်ကစားနိုင်ပေမဲ့ အခွင့်အရေးဖန်တီးမှုအပိုင်းမှာ အားနည်းတာ ကိုတွေ့ရတယ်။ လီယာအိုဦးဆောင်တဲ့ အေစီမီလန်တိုက်စစ်က ချယ်လ်ဆီးခံစစ်ကို ဒုက္ခပေးနိုင်စွမ်းရှိပြီး ချယ်လ်ဆီးအသင်း အနေနဲ့ အေစီမီလန်ရဲ့ တန်ပြန်တိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ရလိမ့်မယ်။ ချယ်လ်ဆီးရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ရ ဖို့ ရုန်းကန်နေတဲ့အချိန်မှာ အေစီမီလန် ချယ်လ်ဆီးကွင်းမှာ ကောင်းကောင်းရင်ဆိုင်နိုင်မယ်ထင်တယ်။ ဒါပေမဲ့ (၁)မှတ်ပဲ ရထားတဲ့အခြေအနေမှာ ချယ်လ်ဆီး အမှားခံလို့မရဘဲ မဖြစ်မနေနိုင်ပွဲရှာရမှာပါ။ ချယ်လ်ဆီးကို ကြိုက်တယ်။ ရီးယဲလ်မက်ဒရစ် - ရှက်တာဒိုးနတ် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) ရှက်တာဒိုးနက်က အဖွင့်ပွဲမှာ လိုက်ပ်ဇစ်ကို ဂိုးမိုးရွာခဲ့ ပြီး ပိုလန်မြေမှာ သွားကစားတဲ့ အိမ်ကွင်းပွဲမှာတော့ ဆဲလ်တစ် ကို သရေပဲ ကစားနိုင်ခဲ့တယ်။ ဒီပွဲမှာလည်း ရီးယဲလ်မက်ဒရစ် အသင်းရဲ့ကွင်းမှာ ရှက်တာဒိုးနက် ခြေစွမ်းပြနိုင်ဖို့ ခက်ပါတယ်။ ရီးယဲလ်က ပြိုင်ပွဲစုံမှာ ခြေစွမ်းပြနိုင်ပွဲဆက်နေပြီး ဒီပွဲလည်း နိုင် ပွဲယူလိမ့်မယ်။ ရီးယဲလ်ပဲ ကြိုက်တယ်။ မန်စီးတီး - ကိုပင်ဟေဂင် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) မန်စီးတီးက နောက်ဆုံးကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲ စဉ်မှာ ခြေစွမ်းပြနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို လွယ်လွယ်ကူကူပဲ အနိုင်ယူခဲ့တယ်။ လက်ရှိအချိန်မှာ အ ကောင်းဆုံးပုံစံကို ပြသနေသလို ဟော်လန်းရဲ့ ဂိုးသွင်းစွမ်းရည် ကလည်း အမြင့်ဆုံးအခြေအနေကို ရောက်နေတယ်။ မန်စီးတီး ဂိုးပြတ်သွင်းဦးမယ်။ ဆီဗီလာ - ဒေါ့မွန် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) ဆီဗီလာရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းက စိတ်ပျက်စရာပါ။ ကို ပင်ဟေဂင်ကို အဝေးကွင်းမှာ သရေကစားပြီး မန်စီးတီးကို လည်း အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တယ်။ ဒေါ့မွန်အသင်းက ကိုပင် ဟေဂင်ကို အနိုင်ကစားခဲ့သလို မန်စီးတီးကို ရှုံးခဲ့တဲ့ပွဲမှာလည်း ကစားတာ အရမ်းကောင်းပါတယ်။ အဝေးကွင်းဆိုပေမဲ့ ဒေါ့မွန် ကိုပဲ ကြိုက်တယ်။ ဂျူဗင်တပ်စ် - မက္ကာဘီဟိုင်ဖာ (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) နှစ်သင်းစလုံးက အဖွင့်ပွဲနှစ်ပွဲစလုံး ရှုံးထားတဲ့အသင်း တွေဖြစ်တယ်။ အုပ်စုတတိယနေရာအတွက် အားပြိုင်ရမယ့် အခြေအနေဖြစ်ပြီး ရှုံးထွက်အဆင့်ကို တက်ချင်ရင်တော့ ဂျူဗင် တပ်စ်က မက္ကဘီဟိုင်ဖာကို အနည်းဆုံး နှစ်ကျော့စလုံး အနိုင် ကစားနိုင်ဖို့လိုတယ်။ လက်ရှိခြေစွမ်းအရ ဂျူဗင်တပ်စ်က စိတ် ပျက်စရာဆိုပေမဲ့ ဒီပွဲတော့ နိုင်ပွဲယူနိုင်မှာပါ။ ဘင်ဖီကာ - PSG (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ) ဘင်ဖီကာနဲ့ PSG တို့က နှစ်ပွဲစလုံးနိုင်ပြီး အမှတ်ပေး ဇ ယားထိပ်ဆုံးမှာ အပြိုင်ရပ်တည်နေကြတယ်။ ဘင်ဖီကာက PSG ကွင်းမှာ ရှုံးခဲ့မယ်ဆိုရင်တောင် ဒီပွဲမှာ သရေယူထားလိုက်ရင် နောက်တစ်ဆင့်တက်ဖို့ တော်တော်လေး အလေးသာသွားလိမ့် မယ်။ PSG ကလည်း အမှတ်အသည်းအသန်မလိုဘဲ နောက် တစ်ဆင့်ကို လွယ်လွယ်ကူကူ တက်သွားမယ့်အနေအထားပါ။ ဒါပေမဲ့ လက်ရှိ PSG ရဲ့ ခြေစွမ်း၊ Rhythm ကို ဘင်ဖီကာ ထိန်း နိုင်ဖို့ ခက်ပါတယ်။ PSG ကို ကြိုက်တယ်။

Share: