ယနေ့ည ယှဉ်ပြိုင်ကစားမည့် ဥရောပအမှတ်ပေးပြိုင်ပွဲများ ပွဲကြိုသုံးသပ်ချက်
နော်တင်ဟမ်ဖောရက်စ် နှင့် အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ) နော်တင်ဟမ်ဖောရက်စ်က ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလုပ်ထားပေမဲ့ တန်းဆင်းနိုင်ခြေအများဆုံးအသင်းအဖြစ် ရပ်တည်နေတယ်။ အက်စတွန်ဗီလာကတော့ နောက်ဆုံး (၃)ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး Rhythm ပြန်တက်လာတယ်။ နော်တင်ဟမ်ဖောရက်စ်က ရှုံးပွဲဆီကို ဦးတည်နေပြီး အိမ်ကွင်းမှာတောင် စိတ်မချရတဲ့အနေအထားပါ။ အက်စတွန်ဗီလာကိုပဲ ကြိုက်တယ်။ ဖီအိုရင်တီးနား နှင့် လာဇီယို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ) နောက်ဆုံးတွေ့ဆုံတဲ့ စီးရီးအေ (၆)ပွဲမှာ လာဇီယိုက ဖီအိုရင်တီးနားကို (၅)ပွဲအထိ အနိုင်ရခဲ့တယ်။ ဒါ့အပြင် လာဇီယိုက စီးရီးအေနောက်ဆုံး (၃)ပွဲမှာ (၁၀)ဂိုးအထိ သွင်းထားပြီး ပေးဂိုးလည်း လုံးဝမရှိခဲ့ဘူး။ ဖလောရင့်မှာ ကစားရမှာဖြစ်ပေမဲ့ လာဇီယိုကို ကြိုက်တယ်။ အယ်လ်ချီ နှင့် မာယော့ကာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ) ဒီနှစ်သင်းရဲ့ လက်ရှိခြေစွမ်းတွေအရတော့ မာယော့ကာက သာနေတာမှန်ပေမဲ့ အယ်လ်ချီနိုင်ပွဲရအောင်ကစားရတော့မယ့်အချိန်ဖြစ်နေတာကိုတော့ သတိပြုရမယ်။ အစဉ်အလာတွေအရလည်း မာယော့ကာတို့ အယ်လ်ချီကိုယှဉ်နိုင်လေ့မရှိလို့ နိုင်ပွဲရှာဖို့ကြိုးစားလာမယ့် အယ်လ်ချီနဲ့ ဂိုးအနည်းကိုပဲရွေးထားမယ်။

Share: