ဆွန်ဟောင်မင် ကစားနိုင်ချေ ကို မောရင်ဟိုညိုခန့်မှန်း =========================

                        စပါးနည်းပြ မော်ရင်ဟိုက တိုက်စစ်မှူး ဆွန်ဟောင်မင်သည် ယခုရာသီကုန်အထိ အနားယူရနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ဆွန်မင်ဟောင်သည် ဗီလာအား အနိုင်ရရှိခဲ့သောပွဲတွင် လက်မောင်းရိုး ကျိုးခဲ့ခြင်းကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီဖြစ်ပါသည်။ စပါးအသင်းက ကစားသမား၏ အခြေအနေ နှင့် ပတ်သက်ပြီး အဆိုးရွားဆုံးပုံစံ မဟုတ်ဟု ကြောငြာချက်ထုတ်ခဲ့သော်လည်း မော်ရင်ညိုက အသင်း၏ ကြောငြာချက်နှင့် ဆန့်ကျင် ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်ထင်တာကတော့ သူ့ကို ဒီရာသီမှာ ပြန်ပြီး အသုံးပြုခွင့် မရလောက်ဖူး ဆိုတာပါပဲ။ တကယ်လို့သာ ကြေငြာချက် ရေးတဲ့သူက ကျွန်တော်ဖြစ်ခဲ့မယ်ဆိုရင် ခြားနားတဲ့ ပုံစံတစ်ခု ကို မြင်ရပါလိမ့်မယ်။ အသင်းကတော့ နှစ်ပွဲ သုံးပွဲလောက်ကို ဆွန်ဟောင်မင် မှီလိမ့်မယ်လို့ ယုံကြည်နေပုံပါပဲဟု ပြောကြားခဲ့ပါသည်။ လက်ရှိတွင် စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်း နှင့် ဆွန်ဟောင်မင်တို့ ဒဏ်ရာရနေခြင်းကြောင့် လူးကပ်စ်မိုရာ၊ ဘာ့ဂ်ျဝင်းနှင့် လူငယ်ကစားသမား ပါရော့မှာ အသင်းကြီးတွင် ၀င်ကစားနိုင်ရန် အဆင်သင့်မဖြစ်သေးဖူးဟု ပြောခဲ့ပြီး ဈေးကွက်ပိတ်ချိန်တွင် တိုက်စစ်မှူးမရှိခြင်းကို မိမိတို့ လက်ခံရုံသာရှိသည်ဟု ပြောခဲ့ပါတယ်။

Credit လေးစားစွာဖြင့် --------------------------------------- ။

copy from 47

Share: