အားရစရာ ကစားပုံမဟုတ်ခဲ့ပေမယ့် ရလဒ်ပိုင်း ကျေနပ်စရာဖြစ်ခဲ့တဲ့ မန်ယူ =================================

မန်ယူအသင်းဟာ အဝေးကွင်းမှာ ကစားပုံ အားရစရာ မရှိလို့ ရုန်းကန်ခဲ့ရသလို အိမ်ရှင်အသင်းရဲ့ ဖိအားပေးမှုအောက်မှာ အခုလို အဝေးဂိုးတစ်ဂိုးနဲ့ သရေတစ်မှတ် ရရှိလိုက်တာဟာ အဆိုးထဲက အကောင်းတစ်ခုလို့ ဆိုရမှာဖြစ်ပြီး ရလဒ်တစ်ခုကို ရယူနိုင်ခဲ့တယ်လို့ ပြောရမှာပါ။အိမ်ရှင်အသင်းရဲ့ အဆုံးသတ်မကောင်းမှုတွေက မန်ယူအသင်းအတွက် သက်သာရာရခဲ့ပြီး တိုက်စစ်မှူးမာရှယ်ရဲ့ အဝေးကန်ချက်တစ်ဂိုးလည်း ဂိုးတိုင်ထိခဲ့လို့ နစ်နာရခဲ့ပါတယ်။ အိမ်ရှင် ဘရုဂျက်အသင်းဟာ ၄-၃-၃ ကစားကွက်မှာ ဒီခူရေးပါ၊ တာအူနဲ့ ဒန်းနစ်တို့ကို ပွဲထုတ်ခဲ့ပြီး မန်ယူအသင်းကတော့ ၄-၁-၄-၁ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။မာတစ်ကို ကွင်းလယ်နဲ့ နောက်တန်းကို အတက်အဆင်းကစားစေခဲ့ပြီး ပါရဲယား၊ ဒါလော့တို့ကို ကွင်းလယ်တောင်ပံ နှစ်ဖက်မှာထားပြီး ကစားခဲ့ပါတယ်။ မာတစ်ဟာ ဒီနေ့ပွဲစဉ်မှာ ကောင်းမွန်တဲ့ ခြေစွမ်းတစ်ခုရှိခဲ့ပြီး ကွင်းလယ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။အထနှေးတဲ့ မန်ယူအသင်းရဲ့ အခြေအနေကို အိမ်ရှင်အသင်းဟာ အခွင့်ကောင်းယူခဲ့ပြီး ပွဲကစားချိန် (၁၅) မိနစ်မှာတင် ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ ဒီဂိုးကို ဘရုဂျက်တိုက်စစ်မှူး ဒန်းနစ်က ဂိုးသမား မစ်ဂ်နိုလက်ရဲ့ ကန်တင်ပေးပို့မှုကနေ မန်ယူနောက်တန်း နှစ်ယောက်ကြားက အတင်းဆွဲပြေးပြီး ဂိုးသမား ရိုမီယိုကို လှလှပပ ကျော်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။အိမ်ရှင် အသင်းဟာ တောက်လျှောက်ဖိအားပေးတိုက်စစ်ဆင်မှုတွေပြုလုပ်ခဲ့ပေမယ့် အဆုံးသတ်မကောင်းလို့ ပွဲကစားချိန် (၃၆) မိနစ်အရောက်မှာတော့ ဧည့်သည်မန်ယူအသင်းရဲ့ ချေပဂိုးပြန်သွင်းယူခြင်းကို ခံခဲ့ရပါတယ်။ ဒီဂိုးကိုတော့ တိုက်စစ်မှူးမာရှယ်က ဘရုဂျက်လူငယ်ကွင်းလယ်လူ ဒီခူရေးပါရဲ့ လက်ပစ်ဘောအမှားကနေတစ်ဆင့် ဘရုဂျက်နောက်တန်းနဲ့အပြိုင် ပြေးဆွဲပြီး အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တာပါ။မိနစ် ၄၀ ကျော်လောက်မှာ မန်ယူအသင်းကစားပုံ နည်းနည်းပြန်စီးလာပြီး တိုက်စစ်မှူး မာရှယ်ရဲ့ အဝေးကန်ချက်လည်း တိုင်ထိထွက်ခဲ့လို့ အိမ်ရှင်အသင်းသက်သာရာရခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ပထမပိုင်း ရလဒ် ၁-၁ အတိုင်းဖြစ်ခဲ့လို့ ကစားပုံမကောင်းပေမယ့် ဧည့်သည် မန်ယူအတွက်တော့ သရေရလဒ်နဲ့ အဝေးဂိုးတစ်ဂိုးဟာ အတော်လေး အဆင်ပြေစေတယ်လို့ ပြောရမှာပါ။


Credit original uploader

Copy from 47

Share: