အီဟာလို ကို ဘာလို့ ပွဲမထုတ်သေးတာလဲ ရှင်းပြလိုက်တဲ့ ဆိုးရှား ===================================

ယူနိုက်တက် ပရိသတ်တွေ ဟာ ချဲလ်ဆီး နဲ့ ပွဲ မှာ ပါဝင် ခွင့် မရလဲ ၈၉ မိနစ် မှသာ လူစား လဲ ဝင်ရောက်ခွင့် ရရှိ ခဲ့တဲ့ တိုက်စစ်မှုးသစ် အီဟာလို ကို ယမန်နေ့ ညက ပွဲ မှာ ပါဝင် လာမယ် လို့ မျှော်လင့် ထားခဲ့ ပေမယ့် လူစာရင်း ထုတ်ပြန် ချိန် မှာတော့ အီဟာလို ဟာ အရန် စာရင်း မှာသာ ပါလာခဲ့ ပါတယ် ။လူငယ် တိုက်စစ်မှုးလေး မေဆင် ဂရင်းဝုဒ် ဒဏ်ရာ ကြောင့် မပါဝင် ခဲ့တဲ့ ဒီ ခရီးစဉ် မှာ အီဟာလို နဲ့ မာရှယ် တို့ သာ တိုက်စစ်မှုး တွေ အဖြစ် ပါဝင် ခဲ့ကြတာ ကြောင့် ပရိသတ်တွေ ဟာ အီဟာလို ကို မြင်တွေ့ ရဖို့ မျှော်လင့် ခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါပေမယ့် နိုက်ဂျီးရီးယား တိုက်စစ်မှုး ဟာ ဒုတိယပိုင်း မိနစ် 70 နားမှ သာ လူစားလဲ ဝင်ရောက် လာခဲ့ ပါတယ် ။ယူနိုက်တက် နည်းပြ ဆိုးရှား က တော့ သူဟာ ဘာကြောင့် အီဟာလို ကို ပွဲထွက် ခွင့် မပြုဘဲ ချဲလ်ဆီး နဲ့ ကစား ထားခဲ့တဲ့ အန်တိုနီ မာရှယ် ကို ဆက်လက် ပွဲထုတ် ခဲ့သလဲ ဆိုတာ ကို ပွဲ မစတင် မီ မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။“ဒီ ပွဲ အတွက် မေဆင် ( ဂရင်းဝုဒ် ) ကို ရွေးထားခဲ့ တာပါ ။ ဒါပေမယ့် သူ က နေလို့ မကောင်းတာ ကြောင့် အင်္ဂလန် မှာပဲ ကျန်ရစ် ခဲ့ ပါတယ် ။ ဒါကြောင့် အန်တိုနီ က ပွဲထွက် လာခဲ့ တာပါ ။ အိုဒီယွန် ( အီဟာလို ) ကတော့ လူစား ဝင် ဖြစ်ဖို့ ရှိပါတယ်”“ရှေ့ မှာ ကစား စရာ ပွဲတွေ အများကြီး ကျန်ပါသေးတယ် ။ အရန် နဲ့ ပထမ အသင်းသားတွေ အကြားမှာ ခြားနား မှု အများကြီး မရှိ ပါဘူး ။ ပွဲထွက် ခွင့် နေရာ အတွက် သူတို့ တွေ ပြိုင်ဆိုင် နေတာကို မြင်ချင် ပါတယ် ။ ကျွန်တော်တို့ က ပရီးမီးယားလိဂ် ရော FA Cup ရော ယူရိုပါလိဂ် ရော ကစား နေရတာပါ ။ အားလုံးကို အဆင်ပြေ ချင်တယ် ဆိုရင်တော့ ဒီလို အပြောင်းအလဲ တွေ လုပ်ပြီး ကစား ရမှာပါပဲ”“တနင်္လာနေ့ မှာ အဝေးကွင်း ပွဲ ကစားပြီး ၂ ရက်ပဲ နားခဲ့ရ ပါတယ် ။ အခု ဘယ်လ်ဂျီယံ အထိ လာပြီး အဝေးကွင်း ပွဲ ကို ထပ် ကစားခဲ့ ရတာပါ ။ ကစား သမားတိုင်း ကာယပိုင်း အရ ရော စိတ်ပိုင်းဆိုင်ရာ အရပါ အနားယူဖို့ လိုအပ်ပါတယ် ။ ဒါကြောင့် အပြောင်းအလဲ လုပ်ခဲ့တာပါ” လို့ ဆိုးရှား က MUTV ကို ပြောပြ သွားခဲ့ ပါတယ် ။


Credit လေးစားစွာဖြင့် ================== 🙏

Share: