ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၄ (ပထမနေ့) ပွဲကြိုသုံးသပ်ချက်
◘ FC ကိုပင်ဟေဂင် - မန်စီးတီး (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ ရက် ည ၁၁း၁၅ နာရီ) မန်စီးတီးအတွက်တော့ နောက်ထပ် လွယ်ကူတဲ့ နိုင်ပွဲတစ်ပွဲပါပဲ။ ပထမအကျော့တုန်းက ဟော်လန်းရဲ့ သွင်းဂိုးနှစ်ဂိုး အပါအဝင် (၅) ဂိုးပြတ်အနိုင်ရခဲ့တယ်။ ဒီပွဲမှာလည်း မန်စီးတီး အသင်းရဲ့ ကစားသမားအချို့ အနားပေးထားပြီး အလဲအလှယ် လုပ်ကစားတဲ့တိုင် မန်စီးတီးအတွက် နိုင်ပွဲယူဖို့ မခက်ပါဘူး။ ဟော်လန်းကိုတော့ သွင်းဂိုးအရှိန်မရပ်ဖို့ ဆက်သုံးဦးမှာပဲ။ မန်စီးတီးပဲ ကြိုက်တယ်။ ◘ မက္ကာဘီဟိုင်ဖာ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ ရက် ည ၁၁း၁၅ နာရီ) ဂျူဗင်တပ်စ်အသင်းရဲ့ အားကောင်းတဲ့ပုံစံကို ပထမအကျော့မှာ မြင်ခဲ့ရတယ်။ ဗလာဟိုဗစ်နဲ့ ဒီမာရီယာတို့ တိုက်စစ်မှာ အတွဲမိမိကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေကိုလည်း အများကြီး ဖန်တီးနိုင်ခဲ့တယ်။ အေစီမီလန်ကို ရှုံးခဲ့တဲ့ပွဲမှာတော့ ဂျူဗင်တပ်စ်ရဲ့ခြေစွမ်းက အားနည်းခဲ့တယ်။ ဒါပေမဲ့ ဒီပွဲမှ မနိုင်ဘူးဆိုရင် အုပ်စုဒုတိယနေရာမျှော်လင့်ချက် ကုန်ပါပြီ။ ဂျူဗင်တပ်စ် နိုင်ပွဲ ထပ်ယူလိမ့်မယ်။ ◘ ဒိုင်နမိုဇာဂရက် - ဆာလ်ဇ်ဘာ့ဂ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၃၀ နာရီ) ပထအအကျော့တုန်းက သြစတြီးယားမြေမှာ အကြိတ်အနယ်ကစားခဲ့ရပြီး ဆာလ်ဇ်ဘာ့ဂ်အသင်းက တစ်ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တယ်။ ဒီပွဲမှာလည်း နှစ်သင်းစလုံး အကြိတ်အနယ်နဲ့ ခက်ခက်ခဲခဲ ကစားရဦးမှာပါ။ ဒိုင်နမိုဇာဂရက်က အိမ်ကွင်းမှာ ချယ်လ်ဆီးကို အနိုင်ကစားထားတဲ့အသင်းဖြစ်ပြီး စြေခွမ်းပိုင်းလည်း မာကျောကောင်းမွန်ပါတယ်။ ဒီပွဲလည်း ဒိုင်နမိုဇာဂရက်ကို ကြိုက်တယ်။ ◘ အေစီမီလန် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၃၀ နာရီ) ချယ်လ်ဆီးအသင်းက အိ်မ်ကွင်းမှာ ဂိုးပြတ်အနိုင်ကစားထားတဲ့ အေစီမီလန်အသင်းကို အဝေးကွင်းမှာ ပြန်လည်ရင်ဆိုင်ရမှာဖြစ်တယ်။ ပထမအကျော့ အိမ်ကွင်းမှာတုန်းက ဖိုဖာနာရဲ့ဂိုးနဲ့ ဦးဆောင်ဂိုးရခဲ့ပြီး အူဘာမီယန်းနဲ့ ရီးစ်ဂျိမ်းစ်တို့လည်း ဂိုးပေါက်ကိုယ်စီတွေ့ခဲ့ကြတယ်။ ချယ်လ်ဆီးနဲ့ အေစီမီလန်တို့က အုပ်စုတွင်းမှာ ဒုတိယနဲ့ တတိယနေရာတွေမှာ ရပ်တည်နေကြတဲ့အသင်းတွေဖြစ်ပြီး နှစ်သင်းစလုံး (၄)မှတ်စီရထားကြတယ်။ သရေရလဒ်ဆိုရင် နှစ်သင်းစလုံးအတွက် မဆိုးဘူးလို့ ပြောရမှာဖြစ်ပေမဲ့ နောက်ပိုင်းပွဲတွေမှာ အမှားနည်းအောင်တော့ ကစားရမယ်။ လက်ရှိအနေအထားအရ နှစ်သင်းစလုံး ပုံစံကောင်းပြနေကြပြီး သရေကျဖို့များတယ်။ ချယ်လ်ဆီးကိုပဲ ကြိုက်တယ်။ ◘ ရှက်တာဒိုးနက် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၃၀ နာရီ) ရီးယဲလ်မက်ဒရစ်က ပထမအကျော့တုန်းက အိမ်ကွင်း ဘာနေဗျူးမှာ (၂-၁)နဲ့ ကပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ ပုံစံကိုက ကျဉ်းမြောင်းတဲ့ရလဒ်တွေနဲ့ နိုင်ပွဲတွေရယူနေတဲ့ ပုံစံဖြစ်ပြီး Rhythm လည်း မှန်နေတယ်လို့ ပြောလို့ရတယ်။ ရှက်တာဒိုးနက်က ဒီပွဲကို ပိုလန်မြေမှာ သွားကစားမှာပါ။ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲမှာ လိုက်ပ်ဇစ်ကို ဂိုးပြတ်ရှုံးထားတယ်။ ဒီပွဲလည်း ရီးယဲလ်မက်ဒရစ်ပဲ ကြိုက်ပါတယ်။ ◘ ဆဲလ်တစ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၃၀ နာရီ) လိုက်ပ်ဇစ်အသင်းရဲ့ ကွင်းမှာတုန်းက ဆဲလ်တစ်အသင်းက ဂိုးပြတ်ရှုံးခဲ့တယ်။ အခု ဒီပွဲကတော့ ဆဲလ်တစ်အတွက် ရှုံး ထွက်အတွက်ဖြစ်စေ၊ အုပ်စုတတိယနေရာအတွက်ဖြစ်စေ နို်င် ပွဲရဖိုု့ အရေးကြီးတဲ့ပွဲဖြစ်တယ်။ လိုက်ပ်ဇစ်က (၃) မှတ်ရထားပြီး၊ ဆဲလ်တစ်အသင်းက (၁) မှတ်ပဲ ရထားတယ်။ ဆဲလ်တစ်က ကစားခဲ့တဲ့ (၃) ပွဲစလုံး ခြေစွမ်းပိုင်းမဆိုးပေမဲ့ တိုက်စစ်ကတော့ ဥရောပအဆင့်မှာ တော်တော်လေးအားနည်းတာ ပြဿနာပါ။ ဒီပွဲလည်း လိုက်ပ်ဇစ်ကိုပဲ ကြိုက်တယ်။ ◘ ဒေါ့မွန် - ဆီဗီလာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၃၀ နာရီ) နည်းပြသစ်ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ်ကို ဆီဗီလာ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို စောင့်ကြည့်ရမယ်။ ပထမအကျော့တုန်းက အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးခဲ့ပြီး လာလီဂါ မှာလည်း တော်တော်လေး အခြေအနေဆိုးနေတာ တွေ့ရတယ်။ ဒေါ့မွန်အသင်းကတော့ ပြီးခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်ကိုလည်း သရေကစားနိုင်ခဲ့တယ်။ လူငယ်ကစားသမားတွေနဲ့ ကွင်းလယ်တိုက်စစ်၊ တိုက်စစ်ပိုင်းတွေက အရမ်းအားကောင်းတယ်။ ဒေါ့မွန်ပဲ နိုင်ပွဲရလိမ့်မယ်။ ◘ PSG - ဘင်ဖီကာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၂ ရက် နံနက် ၁း၃၀ နာရီ) PSG အသင်းက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၄) ပွဲမှာ တစ်ဂိုးအသာနဲ့ ကပ်နို်င်တာ နှစ်ပွဲ၊ သရေ နှစ်ပွဲ ကျခဲ့တယ်။ PSGအသင်းရဲ့ ခြေစွမ်းက နည်းနည်းတော့ ကျဆင်းနေတယ်။ ဘင်ဖီကာက PSG လိုပဲ သူ့ ပြည်တွင်းလိဂ်မှာ ထိပ်ဆုံးကရပ်တည်နေတဲ့ အားကောင်းတဲ့အသင်းပါ။ ဒါပေမဲ့ အုပ်စုဗိုလ်နေရာအတွက် အရေးကြီးတဲ့ပွဲလည်းဖြစ်လို့ PSG အနိုင်ကစားလိမ့်မယ်။ PSG ကို ကြိုက်တယ်။

Share: