#လီဗာပူးလ်၊ #အေဂျက်ဇ်နဲ့ #ဘော်ဒိုးတို့ကို အကြွေးဆပ်ရဖို့ရှိနေတဲ့ ဘာကာ

ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ နှစ်ပတ်လည်ဘဏ္ဍာရေးအစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းဟာ အကြွေးနွံထဲမှာ နစ်နေပြီဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း တန်ဖိုးကြီးမားတဲ့အပြောင်းအရွှေ့တွေကို ပြုလုပ်ခဲ့တာကြောင့် ဘာစီလိုနာရဲ့ အခြေအနေက ပိုမိုဆိုးရွားနေခဲ့ပြီး စုစုပေါင်း ယူရို ၁.၂ဘီလီယံအထိ အကြွေးရှိနေတယ်လို့ သိရပါတယ်။အသင်းရဲ့ အများဆုံးအသုံးပြုခဲ့ရတဲ့ အစိတ်အပိုင်းကတော့ ကစားသမားလုပ်ခလစာတွေ ပေးချေခဲ့ရမှုဖြစ်ပြီး စုစုပေါင်းပမာဏဟာ ကလပ်အသင်းဝင်ငွေရဲ့ ၇၄% အထိ ရှိနေခဲ့ပါတယ်။ ကစားသမားတွေကို မြင့်မားတဲ့လုပ်ခလစာတွေ ပေးချေနေခဲ့ရတဲ့ အကျိုးဆက်ကို ဗိုင်းရပ်စ်ကာလမှာ ခံစားခဲ့ရတာဖြစ်ပြီး လုပ်ခလစာလျှော့ချဖို့အတွက် ကြိုးပမ်းမှုတွေက နောက်ကျခဲ့တာကြောင့် နူးကမ့်ကလပ်ရဲ့ အနေအထားက ပိုမိုဆိုးရွားခဲ့ပါတယ်။အခြားသော ကလပ်အသင်းတွေကို အပြောင်းအရွှေ့ပြုလုပ်ခဲ့မှုအတွက် ပေးချေရမယ့် အကြွေးက ယူရို ၁၂၆ သန်းအထိ ရှိတယ်လို့သိရပါတယ်။ ကော်တင်ဟိုအတွက် လီဗာပူးလ်ကို ယူရို ၂၉ သန်း၊ ဒီဂျောင်အတွက် အေဂျက်ဇ်ကို ယူရို ၁၆ သန်းနဲ့ မယ်လ်ကွန်အတွက် ဘိုဒေါ့စ်ကို ယူရို ၁ဝနီးပါးပေးချေရမှာဖြစ်ပြီး အဆိုပါငွေကြေးတွေကို ဇွန်လ ၃၀ ရက်နောက်ဆုံးထားကာ ပေးချေရမှာဖြစ်ပါတယ်။အာသာကို ဂရီမီယိုကနေ ခေါ်ယူခဲ့မှုအတွက်လည်း ယူရို ၂၁သန်း၊ ဗီဒယ်အတွက် ဘိုင်ယန်ကို ယူရို ၁၁သန်းနီးပါးပေးချေရဦးမှာဖြစ်ပြီး လက်ရှိမှာ အာသာ၊ ဗီဒယ်နဲ့ မယ်ကွန်တို့အားလုံးက နူးကမ့်ကနေ ထွက်ခွာခဲ့ကြပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက မယ်ကွန်ကို ဇင်းနစ်ဆီရောင်းချခဲ့မှု၊ ကူကူရယ်လာကို ဂီတာဖေး၊ ကားလက်စ်ပီရက်ဇ်ကို ရိုးမားတို့ဆီ ရောင်းချမှုကနေ ယူရို ၄၆သန်းအထိ ပြန်လည်ရရှိဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီအပြီးမှာ ဘာစီလိုနာက အသားတင်ကြွေးမြီပေါင်း ယူရို ၄၈၈ သန်းအထိရှိခဲ့ပြီး ပေးဖို့ရှိနေတဲ့ အကြွေးတွေကို အနည်းဆုံးတော့ ဇွန်လ ၃၀ ရက်နေ့အထိ စောင့်ဆိုင်းပေးဖို့ ကြိုးစားသွားဖွယ်ရှိနေပါတယ်။ #barcelona #Creditလေးစားစွာဖြင့်

Share: