#အိုဇေးလ်လစာအတွက် ၀ိုင်းကူညီပေးဖို့ တောင်းဆိုလိုက်တဲ့ #ဖီနာဘာချီအုပ်ကြီ

အိုဇေးလ် က အာဆင်နယ်မှာ အရံထိုင်ခဲ့ရတဲ့ဝကိုစွန့်လွှတ်ကာ တူရကီကိုပြောင်းရွှေ့ခဲ့ပြီးနောက် ဖီနာဘာချီ အသင်း ဥက္ကဌ အလ်လီကော့ ကတော့အသင်းပရိတ်သတ်တွေကို ပိုပြီးအားပေးဖို့ဆော်ဪလိုက်ပါတယ်။အိုဇေးလ်ဟာအာဆင်နယ်မှာ ရှိစဉ်က တစ်နှစ်ကို ပေါင်(၁၈)သန်း ရရှိသူဖြစ်ပေမယ့်လည်း တူရကီမှာတော့လစာကိုများစွာလျှော့ချထားပါတယ်။ တစ်ပတ်ကိုပေါင်သုံးသိန်း ရရှိနေတဲ့ လန်ဒန်ကဘဝထက် တူရကီမှာတိုက်ခိုက်လိုတဲ့ အိုဇေးလ်ကို ဖီမာဘာချီ ပရိတ်သတ်တွေက အတော်လေးအကြိုက်တွေ့ခဲ့ကြပြီး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။အာဆင်နယ်ကနေထွက်ခွာလာတဲ့အိုဇေးလ်ရဲ့လက်ကျန်လစာအချို့ကိုအာဆင်နယ်ဖက်က (၇)ကြိမ်ခွဲပေးဖို့တောင်းဆိုခဲ့သလို ဖီနာဘာချီအသင်းဖက်ကလည်း အိုဇေးလ်ကိုလစာပေးဖို့ပရိတ်သတ်တွေထံတောင်းဆိုခဲ့ပါတယ်။ ဖီနာဘာချီဥက္ကဌ အယ်လီက”ကျနော့်အနေနဲ့ပရိတ်သတ်တွေထံကဆက်ပြီးထောက်ပံအားပေးတာတွေ ‌ပြုလုပ်ပါလို့တောင်းဆိုလိုပါတယ်။ကျနော်တို့ဟာအမှန်တကယ်ကိုပဲ ပရိတ်သတ်တွေရဲ့အားပေးမှု့လိုပါတယ်။ပရိတ်သတ်တွေရဲ့ အားပေးထောက်ခံမှု့သာမက ငွေကြေးပိုင်းအရထောက်ခံပိုင်းကလည်းအရေးကြီးပါတယ်။ကျနော်တို့သူစရောက်တဲနေ့မှာပဲ စာတိုပို့တာကို စံချိန်တင်ဖြစ်အောင်ကမ်ပိန်းလုပ်ခဲ့ကြပြီး တကယ်လည်းအောင် မြင်ခဲ့ပါတယ်”“၃သိန်းကနေ၅သိန်း မကတဲ့ တစ်သန်းကျော်တဲ့ စာတိုတွေက ကျနော်တို့ထံရောက်ရှိခဲ့ပါတယ်။ဒီလိုအားပေးကြတာကတကယ်ပဲ ကျနော်တို့ကိုအားဖြစ်စေတာပါ။”လို့ဆိုပါတယ်။အိုဇေးလ်ရောက်ရှိတာကြောင့်စာတိုပို့ဂုဏ်ပြုရာမှာ နံပတ်(၁၉၀၇)ကို “Mesulto Campaing” ဟုဆိုကာပို့ရပြီး တစ်စောင်ကို နှစ်ယူရို ကုန်ကျခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်ဟာ လန်ဒန်မှာတစ်ပတ်ကိုပေါင်(၃.၅)သိန်းရရှိပေမယ့်လည်း လက်ရှိ ဖီနာဘာချီမှာတော့တစ်ပတ်ကို ပေါင်(၆၇၃၀၀) သာရရှိကာ တစ်နှစ်ကို (၃.၅)သန်းသာ ရရှိပါလိမ့်မယ်။အာဆင်နယ်မှာရရှိခဲ့စဉ်ကလစာထက် တစ်ပတ်ကိုပေါင်(၂၈၂၀၀၀)လျော့နည်းကာတစ်ရာသီကို (၁၄.၅)သန်း လျော့နည်းရရှိမှာလည်းဖြစ်ပါတယ်။သို့ပေမယ့် အိုဇေးလ်ဟာ ရီးရဲလ်နဲ့အာဆင်နယ်မှငွေကြေးမျာစွာ ရရှိခဲ့သလို ရင်းနှီးမြှပ်နှံမှု့များစွာ ရှိလို့အသက်(၃၃) နှစ်အရွယ်ကစားသမားအတွက် ဝင်ငွေလျော့ကျသွားတာကသိပ်တော့မထူးဆန်းပါဘူး။ အိုဇေးလ်ဟာ အသားတင်ပိုင်ဆိုင်မှု့ပေါင်သန်း(၁၂၀) ရှိကာ ဂျက်လေယာဉ်၊ပြိုင်ကားမျိုးစုံနဲ့ဇိမ်ခံအိမ်(၇)လုံးအထိပိုင်ဆိုင်တဲ့ မီလျံနာတစ်ယောက်ဖြစ်လို့တူရကီက လစာက ပြသနာမရှိတာတော့အသေချာပါပဲ။ #ozil #alikoç #fenerbahce #Creditလေးစားစွာဖြင့်

Share: