#အာဆင်နယ်ထက် ချန်ပီယံလိဂ်ဝင်ခွင့်ပိုသေချာနေတဲ့ #လက်စတာကို #အဲရစ်ဆန် ပိုစိတ်ဝင်စား

အာဆင်နယ်ဆိုတာ အဂ်လန်ပရီးမီးယားလိဂ်သမိုင်းမှာ လီဗာပူးလ်၊မန်ယူနိုက်တဒ် ပြီးရင် အကောင်းဆုံးအသင်းတစ်သင်းလို့ဆိုရင်မမှားပါဘူး။ ရွှေဖလားကြီး က အာဆင်နယ် ရဲ့ပြတိုက်မှာ ခမ်းနားထည်ဝါစွာတည်ရှိနေတဲ့နောက် ဟိုက်ဘူရီ ကနေ ကွင်းသစ်ကြီးအမ်းမရိတ်ကိုပြောင်းပြီးနောက် သေချင်တဲ့ကျားတောပြောင်းသလို ဖြစ်သွားတဲ့ အာဆင်နယ် ရဲ့ ပါဝါဂိမ်းလျော့ကျမှု့က အတော့်ကိုဆိုးရွားလာကာလက်ရှိအချိန်မှာတော့ ‌အပြောင်းရွှေ့တွေမှာ နာမည်နဲ့အသာစီးရယူနိုင်စွမ်းပါကျဆင်းလာပါတယ်။အာဆင်နယ် ဆိုတဲ့တာနာမည်တစ်ခုနဲ့တင် တစ်ချိန်က ဒိတ်ဒိတ်ကြဲကစားသမားတွေကိုပဲ အပြတ်ခုတ်ခဲတဲ့ အာဆင်နယ် ကအခုဆိုရင် စပါးကနေ လွင်ါစင်သွားတဲ့ အင်တာမှာအသုံးမတည့်ဖြစ်နေတဲ့ အဲရခ်ဆင် ကိုခေါ်ယူနိုင်ရေးမှာတောင် လက်စတာလိုအသင်းကို အောက်ကနေ ယှဉ်ပြိုင်နေရပါတယ်။ လက်စတာဆိုတာကလည်း ခေသူတော့မဟုတ်၊ သူတို့ကပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခြင်းပဲတွက်မယ်ဆိုရင်တောင်အာဆင်တယ်ထက်တော့ ပူနွေးနေပါသေးတယ်။ တောင့်တင်းတဲ့လူစာရင်း နည်းဗျူဟာခိုင်မာတဲ့နည်းပြ ၊လမ်းပြမြေပုံအတိုင်းရှေ့‌ဆက်နေတဲ့ ဘုတ်အဖွဲ့ကြားမှာလက်စတာဆိုတာက ချန်ပီယံလိဂ်ဝင်ခွင့်လောက်ကိုမှုနေရတဲ့အသင်းတော့မဟုတ်ပါဘူး။လက်စတာကလက်ရှိရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ထက်ပိုတဲ့ ဖလားလုပွဲထဲရောက်ရှိနေပြီး မန်ယူနိုက်တ‌ဒ်၊မန်စီးတီး၊လက်စတာ၊လီဗာပူးလ် အစဉ်လိုက်ရပ်တည်နေကာ အာဆင်နယ်ကတော့အဆင့်(၁၁) မှာသာရပ်တည်နေသလို သူတို့အားသာတဲ့ အဖ်အေဖလားကနေ လည်းအုန်းဂိုးသွင်းပြီးထွက်ခွာသွားရလို့ လက်ရှိမှာ အာဆင်နယ် ထက် လက်စတာ ကပိုကောင်းတယ်ပြောရင် လွန်တာတောါမဟုတ်ပေမယ့် သမိုင်းနဲ့ချီပြောရင်တော့ အာဆင်နယ်ဆိုတာက ထိပ်သီး သုံးသင်းထဲပ ဂန္နဝင်တစ်သင်းပဲမို့ လက်စတာမ‌ပြောနဲ့ မန်စီးတီးတောင် သမိုင်းကြောင်းအရ ဂုဏ်ငယ်ပါသေးတယ်။ကမ္ဘာကြီးကလည်နေသလိုလက်ရှိနဲ့အနာဂတ်ကိုပဲကြည့်တယ်ဆိုရင် အတိတ်က နောက်မှာကျန်ခဲ့လို့ စကားဝိုင်းထဲ အနိုင်ယူဖို့လောက်‌ပဲကောင်းတာတော့ လက်ခံရပါမယ်။ လက်ရှိအင်တာ မှာအဆင်မချောတဲ့ ကိုယ်တော်ချော အဲရခ်ဆင်ကို ပရီးမီးယားလိဂ်အသင်းတွေကအလိုရှိနေပြီး ဒီထဲမှာ အာတီတာ အပြင် ဘရန်ဒန်ရော်ဂျားစ်လည်းပါဝင်ပါတယ်။တစ်ရာသီကိလစာပေါင်ဆယ်သန်းဝန်းကျင်ပေးချေရမယ့် ကွင်းလယ်လူအတွက် အိုဇေးလ်နေရာအစားထိုးဖို့ အာဆင်နယ်က အလိုရှိပေမယ့် ကစားသမားကတော့ လက်စတာကိုပိုသဘောကျနေတယ်လို့ဆိုပါတယ်။ #eriksen #leicestercity #Creditလေးစားစွာဖြင့်

Share: