#ယူနိုက်တက်က #ဗန်ဒိုက်ခ်ျအစား #လင်ဒီလော့ဖ်ကို ရွေးချယ်ခဲ့တာလို့ ဆောက်သမ်တန်တိုက်စစ်မှူးဟောင်း #ချာလီအော်စတင် ထုတ်ဖော်ပြောဆို

လက်ရှိ ၀က်စ်ဘရွန်းအသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး ချာလီအော်စတင်က ၂၀၁၇ ခုနှစ် နွေရာသီတုန်းက ယူနိုက်တက်အသင်းဟာ ဗန်ဒိုက်ခ်ျအစား လင်ဒီလော့ဖ်ကို ရွေးချယ်ခေါ်ယူသွားခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ ဆောက်သမ်တန်တိုက်စစ်မှူးဟောင်းဟာ ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိ လီဗာပူးလ်အသင်းမှာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဗန်ဒိုက်ခ်ျကို ခေါ်ယူရန် ငြင်းပယ်ခဲ့တဲ့အပေါ် မယုံကြည်နိုင်ဘူးဖြစ်နေပါတယ်။ကျူပီအာအသင်းဆီမှာ အငှားနဲ့ သွားကစားနေတဲ့ ချာလီအော်စတင်က “သူ့ရဲ့ ကစားသမားဘ၀ ဆောက်သမ်တန်မှာတုန်းက ချဲလ်ဆီးအသင်းကွင်းဆီ သွားကစားတဲ့ ပွဲမှာ ကျွန်တော်တို့ အရန်ခုံမှာ ရှိခဲ့တာကို မှတ်မိပါသေးတယ်။ ကျွန်တော်လည်း အဲ့မှာ ထိုင်နေပြီး “ဗာဂျယ် မင်းဘာတွေဖြစ်နေတာလဲဆိုပြီး ပြောခဲ့ပါတယ်။ ယူနိုက်တက်က မင်းကို ဆက်သွယ်နေတာ သေချာလား၊ သူတို့က အင်္ဂလန်ရဲ့ အကြီးမားဆုံးကလပ်အသင်းပဲ လို့ ပြောခဲ့ပါတယ်။ပြီးတော့ သူက ထပ်ပြောပါတယ်။ နွေရာသီတုန်းက သူတို့က ငါ နဲ့ လင်ဒီလော့ဖ် ကြားမှာ သူတို့က လင်ဒီလော့ဖ်ကို ခေါ်သွားခဲ့တယ်။ ဒါကို ဘယ်သူမှ မသိဘူး” အဲ့ဒါကို ကျွန်တော် မယုံနိုင်ဘူးဖြစ်နေပါတယ်။ ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားတယ်” လို့ ပြောခဲ့တာဖြစ်ပါတယ်။ #vandijk #lindelof #charlieaustin #Creditလေးစားစွာဖြင့်

Share: