နည်းပြသစ်ဖြစ်လာနိုင်တဲ့ #တူချယ်နဲ့ ပတ်သက်ပြီး သတိပေးလိုက်တဲ့ #သီယာဂိုဆေးလ်ဗား

ချဲလ်ဆီးအသင်း နောက်ခံလူ သီယာဂိုဆေးလ်ဗားက သူဟာ ပီအက်စ်ဂျီမှာတုန်းက တူချယ်နဲ့ ပြဿနာတက်ခဲ့သေးကြောင်း အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ တူချယ်ဟာ လမ်းပတ် အထုတ်ခံခဲ့ရပြီးနောက် ချဲလ်ဆီး အသင်းနည်းပြသစ်ဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားနေတာဖြစ်ပါတယ်။လီဂူးဝမ်းဆုဖလား ၂ ကြိမ်ဆက်ရရှိခဲ့သလို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖိုင်နယ်ကိုရောက်ခဲ့ပေမယ့်လည်း တူချယ်တစ်ယောက် လက်ရှိရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ကျဆင်းခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ သတင်းတွေအရ တူချယ်ဟာ ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုနဲ့ ပြဿနာဖြစ်ပွားခဲ့တာကြောင့် အထုတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ဆေးလ်ဗားကလည်း လက်ရှိအချိန်မှာ “ချဲလ်ဆီးနည်းပြသစ်ဖြစ်လာနိုင်တဲ့ တူချယ်နဲ့ပတ်သက်ပြီး သတိပေးခဲ့တာဖြစ်ပါတယ်။ ပြောဖို့ ခက်ပါတယ်။ဒါပေမဲ့ အဲ့အရာတွေက ခန့်မှန်းထားသလို အမှန်တကယ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အမြင်အရဆိုရင် အခြေအနေအားလုံးက လီယိုနာဒို လက်ထဲမှာ ရှိနေတာပါ။ သူ့မှာဆုံးဖြတ်ပိုင်ခွင့်ရှိနေပါတယ်။ စထရာဘော့ဂ်ျကိုနိုင်တာ ရှုံးတာက အဓိကမကျခဲ့ပါဘူး”လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။တူချယ် နဲ့ ဆေးလ်ဗားတို့ဟာ လမ်းပတ်ထွက်ခွာသွားပြီးနောက် ချဲလ်ဆီးမှာပြန်လည်ပေါင်းဆုံဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးအင်းပိုင်ရှင် မိုဗစ်ကလည်း ရလဒ်တွေဆိုးနေတဲ့ လမ်းပတ်ကို အသင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့မှာ ငွေကြေးအများအပြားအသုံးပြုခဲ့ပေမယ့် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။“တကယ့်ကိုခက်ခဲတဲ့ဆုံးဖြတ်ချက်ပါ။ ဖရန့်က အသင်း အတွက် အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ အနေအထားအရ အကောင်းဆုံး အဖြေက နည်းပြအပြောင်းအလဲလုပ်တာပါ။ အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့တဲ့ လမ်းပတ်ကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ လမ်းပတ်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”လို့ အေဘရာမိုဗစ်က ပြောကြားခဲ့ပါတယ်။ #thiagosilva #thomastuchel #chelsea #Creditလေးစားစွာဖြင့်

Share: