မီလန်ဒါဘီမှာ #ဇလာတန်ကိုပစ်သတ်မယ်ဆိုတဲ့အထိ ပွဲကြမ်းခဲ့တဲ့ #လူကာကူ

မနေ့ညက ကစားခဲ့တဲ့ ကိုပါအီတလီယာဖလားကွာတားဖိုင်နယ်ပွဲမှာတော့ အင်တာမီလန်က အေစီမီလန်ကို အနိုင်ရရှိသွားခဲ့ပါတယ်။ ၂-၁ နဲ့ ပြီးဆုံးခဲ့တာဖြစ်ပြီး မီလန်ဒါဘီဖြစ်တာနဲ့အညီ ပွဲက တော်တော်လေးကြမ်းခဲ့ပြီး အင်တာတိုက်စစ်မှူးလူကာကူနဲ့ အေစီတိုက်စစ်မှူးဇလာတန်တို့ရဲ့ ရန်ပွဲကြောင့် အရှိန်ပိုတက်ခဲ့ပြီး ယူနိုက်တက်တိုက်စစ်မှူးနှစ်ဦးဟာ ကွင်းအတွင်းမှာ ခေါင်းချင်းဆိုင်ကာ အပြန်အလှန်ပြောဆိုမှုတွေ၊ ဥမင်အတွင်း ရန်ပွဲဖြစ်ပွားမှုတွေကြောင့် ပွဲစည်ခဲ့ပါတယ်။ဇလာတန်က အေစီအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် လူကာကူက ပြန်လည်ချေပခဲ့ပြီး ပွဲပြီးခါနီးမှာ အဲရစ်ဆန်က ဖရီးကစ်ကနေ အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း လူကာကူနဲ့ ဇလာတန်တို့ ရန်ပွဲစတင်ခဲ့ပြီး ခေါင်းချင်းဆိုင်၊ အကြည့်ချင်းပြိုင်ပြီး ဒါဘီပွဲရဲ့ ဂုဏ်သိက္ခာကို အသက်သွင်းခဲ့ကြလို့ ကွင်းလယ်ဒိုင် ပါအိုလိုဗယ်လာရီက နှစ်ဦးစလုံးကို အဝါကတ်ပြပြီး သတိပေးခဲ့ကာ လူချင်းခွဲခဲ့ရသလို အသင်းဖော်တွေကလည်း ၀ိုင်းပြီးတားမြစ်ခဲ့ရပါတယ်။လူချင်းကွဲသွားချိန်မှာ ဇလာတန်က “မြည်းလိုကောင်” လို့ ရေရွတ်ပြောဆိုခဲ့တာကို ရုပ်သံတွေကပါတဆင့် ကြာဲး့ရပါတယ်။ ဒီဖြစ်ပွားမှုဟာ ပိုပြီးအရှိန်တက်လာခဲ့ပြီး ပထမပိုင်းအပြီးမှာတော့ ဥမင်အတွင်းမှာ လူကာကူက ဇလာတန်နဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားခဲ့ပါတယ်။ ဇလာတန်က သူ့ကို အမေနဲ့နှိုင်းကာ ဆဲဆိုခဲ့ပြီး လူကာကူက ဇလာတန်ရဲ့ ဇနီးကိုပါ မဖွယ်မရာတွေပြောဆိုခဲ့ကာ အင်တာမီလန်တစ်သင်းလုံး လူကာကူကို မနည်းထိန်းယူခဲ့ရပါတယ်။“မင်းနဲ့ မင်းမိန်းမကို ငါ—မယ်” လူကာကူက ပြောဆိုခဲ့တာဖြစ်ပြီး “ခွေးမသား၊ ငါ့အမေကို ပြောရအောင် မင်းက ဘာမို့လို့လဲ၊ ငါမင်းခေါင်းကို ပစ်သတ်ပစ်မယ်” လို့ တုံ့ပြန်ကာ ဆွီဒင်သားကြီးကို ပြန်လည်သမဖို့အတွက် ကြိုးစားခဲ့လို့ အသင်းဖော်တွေက ဆွဲယူခဲ့ရပါတယ်။ ဒီတင်းမာမှုတွေက ဒုတိယပိုင်းပြန်အစမှာ အနည်းငယ် အရှိန်ကျသွားခဲ့ပေမယ့် ဇလာတန်ကတော့ ဒုတိယပိုင်း ၁၃ မိနစ်မှာ နောက်တစ်ဝါပြသခံခဲ့ရလို့ နှစ်ဝါတစ်နီနဲ့ ထွက်ခဲ့ရကာ အေစီလည်း ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပြီး အရေးနိမ့်သွားခဲ့ပါတယ်။ယူနိုက်တက်မှာ အသင်းဖော်တွေအဖြစ်ရှိခဲ့ဖူးပေမယ့် ပြိုင်ဘက်ဖြစ်နေချိန်မှာတော့ သူတို့နှစ်ဦးကြား ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်မှာတုန်းကလည်း သူတို့နှစ်ဦးကြားမှာ ဇာတ်လမ်းရှိခဲ့ဖူးပြီး ဇလာတန်က လူကာကူကို လေ့ကျင့်ရေးကွင်းမှာ ဘောလုံးတစ်ခါထိန်းနိုင်ရင် ငါးကျပ်ပေးမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ လူကာကူက First Touch ညံ့ဖျင်းတဲ့အပေါ် ဇလာတန်က လှောင်ပြောင်ခဲ့တာဖြစ်ပြီး မနေ့ညကတော့ သူတို့နှစ်ဦးဟာ ကွင်းထဲမှာ ထိပ်တိုက်တွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။ #zlatanibrahimović #lukaku #Creditလေးစားစွာဖြင့်

Share: