အိတ်ကပ်ပါးလာတဲ့နောက် #ဆန်ချိုကိုရောင်းပြီး ငွေပြန်ဖြည့်ရတော့မယ့် #ဒေါ့မွန်

မန်ယူနိုက်တဒ်အသင်းက အတော်လေးအလိုရှိခဲ့ချိန်က ရောင်းချခြင်းမပြုလုပ်ပဲ ဈေးတင်းခံကာ နေခဲ့တဲ့ ဒေါ့မွန်အတွက် ကိုဗစ် စီးပွားရေးအခက်ခဲအတွင်း ကျပ်တည်းလာတာကြောင့် ဂျေဒန်ဆန်ချိုကို မဖြစ်မနေရောင်းချရတော့မယ်လို့ သိရပါတယ်။ဒေါ့မွန်အနေနဲ့ ပြီးခဲ့တဲ့နွေမှာ သန်း(၁၂၀) ကိုလက်ငင်းချေရမယ်လို့ ဈေးတင်းခံခဲ့ပြီးနောက် ယူနိုက်တဒ်ကနောက်ဆုတ်သွားလို့ ငွေအဝင် မရှိခဲ့သလို ကစားသမားနဲ့လည်းအခြင်းများခဲ့ကြပါသေးတယ်။ဆန်ချိုက ယူနိုက်တဒ်ကိုပြောင်းရွှေ့လိုတာကြောင့် အသင်းလူစာရင်းကနေထွက်ခွာကာ အဂ်လန်ထိပြန်လာခဲ့ပေမယ့်လည်း အဆုံးသတ်မှာတော့အပြောင်းရွှေ့ပြက်ပြယ်ကာ ယူနိုက်တဒ်ကို ပြောင်းလာခြင်တာကအဆုံးသတ်သွားပါတယ်။ ယူနိုက်တဒ် အနေနဲ့ ဆန်ချိုကိုထိပ်တန်းပြစ်မှတ်အဖြစ် သတ်မှတ်ထားဆဲဖြစ်သလို ယခုရာသီမှာ ညာတောင်ပံအားနည်းချက်တွေက ဆန်ချိုကိုမဖြစ်မနေခေါ်ယူဖို့ လိုအပ်နေတာကို ပြသနေပါတယ်။ ယူနိုက်တဒ်မှာ ညာတောင်ပံစစ်စစ် ကစားသမားမရှိတာကြောင့် ဆိုးလ်ရှားက ဆန်ချို ကို အလိုရှိနေပြီး လာမယ့်နွေမှာ အဒ်ဝုဒ်ဝဒ်ဖက်ကဖြည့်ဆည်းဖွယ်ရှိပါတယ်။ယူနိုက်တဒ်ကနွေမှာခေါ်ယူဖို့သေချာသလောက်ဖြစ်နေချိန်မှာပဲ မထင်မှတ်ပဲသတင်းကောင်းတစ်ခုထွက်ပေါ်လာပါတယ်။ ဒါကတော့ ‌ဒေါ့မွန်အသင်းဟာငွေကြေးရှုံးနိမ့်မှု့တွေကြားဗျာများနေပြီး သူတို့အတွက်ငွေကြေး အပိုလျှံရစေဖို့ ဂျေဒန်ဆန်ချိုကို ရောင်းချရတော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒေါ့မွန်အနေနဲ့လက်ရှိမှာအဆင့်(၇)မှာရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် ယူရိုသန်း(၆၀) နီးပါးနစ်နာမှာဖြစ်လို့ သူတို့ရဲ့ ဘက်ဂျက် အခြေအနေတွေက ဥရောပဝင်ခွင့်အပေါ်လည်းမှီတည်နေပါတယ်။ ဒေါ့မွန် ဒါရိုက်တာ မိုက်ကယ်ဇော့ကတော့ ” ကျနော်တို့အနေနဲ့ရာသီကုန်မှာ ချန်ပီယဲလိဂ်ဝင်ခွင့်မရတာမျိုးဖြစ်လာမယ်ဆိုရင် အသင်းအနေနဲ့ ကစားသမားအချို့ကို လက်လွှတ်ရတာမျိုးဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ဒေါ့မွန်အနေနဲ့ ကိုဗစ် စီးပွားပျက်ကပ်အတွင်းမှာဝင်ငွေလျော့‌နည်းပြီး အကြွေးပိလာတာကြောင့် ယူရိုသန်း(၁၀၀) နီးပါးအရှုံးပြသွားတယ်လို့ဂျာမန်အခြေစိုက် Sport1 ကဆိုပါတယ်။အဆိုပါငွေကြေးကိုကာမိစေဖို့ဆိုရင် ယူနိုက်တဒ်ထံ ဆန်ချိုကိုထိုးရောင်းတာမျိုးကသာ ဖြစ်နိုင်ချေများနေပြီး လက်ရှိအနေထားတွေအရ မနှစ်ကလိုယူရိုသန်း(၁၂၀) မှာတင်းခံထားနိုင်တာမျိုးမရှိဘူးလို့ဆိုပါတယ်။ဒြေါမွန်အနေနဲ့ စာချုပ်လက်ကျန်၊ဗိုက်နာ နေတဲ့အနေထားတွေကြောင့် ဆန်ချိုကို ယူရိုသန်း(၁၀၀) အောက်မှာသာ ရောင်းချနိုင်ပြီး ရိုမာနိုကတော့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်ကပြသနာမရှိဘူးလို့ဆိုထားလို့ ဂျေဒန်ဆန်ချိုကို ယူနိုက်တဒ်မှာမြင်တွေ့ရဖို့များနေပြီလည်းဖြစ်ပါတယ်။ #jadonsancho #dortmund #Creditလေးစားစွာဖြင့်

Share: