မင်းကြိုက်ရင်ငါတို့ဆီလာဆိုပြီး #ရာမို့စ်ကို ငွေထုပ်ပစ်ချပေးနေတဲ့ #ပီအက်စ်ဂျီ

ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းခေါင်းဆောင်ရာမိုစ့်အတွက် ညီမျှ တဲ့အဖြေတစ်ခုမရှာနိင်သေးချိန်မှာပဲ ပီအက်စ်ဂျီကတော့ ကြားဖြတ်ဝင်ယူဖို့ကြံသည်နေပါတယ်။ပီးရက်ဇ် နဲ့ရာမိုစ့်ကြားမှာ မကြေလည်တဲ့ရန်ပွဲ ဖြစ်နေလို့စာချုပ်သစ် အတွက်ရှေ့မဆက်နိုင်ချေဖြစ်နေလို့ ဒီတစ်ကြိမ် ပဲရစ် ဖက်ကလာတဲ့ကမ်းလှမ်းမှု့ကို ရာမိုစ့်တစ်ယောက်ပယ်ချဖို့ကခက်ခဲနေပါလိမ့်မယ်။ရာမိုစ့်အနေနဲ့လည်း ရီးရဲလ်မှာ ကာလရှည်ကစားခဲ့ပြီး ငယ်မွေးခြံပေါက်ဖြစ်တဲ့အပြင် သူ့ရဲ့ဘဝကို မက်ဒရစ်မှာ မြှပ်နှံထားလို့လည်း ပဲရစ်ကိုသွားမလားဆိုတဲ့မေးခွန်းက ခြေသ့်စိတ်ဓာတ်နဲ့ လူကို လှုပ်ခါစေမှာတော့အသေချာပါပဲ။ရာမိုစ့်ဖက်ကလည်း ရီးရဲလ်ကို သုံးနှစ်တိုးစေချင်နေပြီး ရီးရဲလ်ကတော့ ဇီဒန်း နဲ့အသင်းသား‌တွေကလွဲရင် ဘုတ်အဖွဲ့က (၁+၁) နှစ်သာတိုးချင်နေပါတယ်။ ရီးရဲလ်က ရော်နယ်ဒိုကိုတောင် အသုံးမလိုဘူးလို့ယူဆပြီး သန်း(၁၀၀) နဲ့ရောင်းချခဲ့ဖူးပါတယ်။သူတို့အတွက် ရာမိုစ့်ကိုရောင်းတာက ကာဆီးလက်စ် ကိုစွန့်ပစ်တာလောက်မခက်တာတော့သေချာပါတယ်။ကြယ်စင်စုဆိုတဲ့အတိုင်းပဲ ကြယ်တွေ ကြွေကျသွားချိန်တိုင်း ကြယ်ကောက်သူရယ်တော့ မရှိခဲ့ပါဘူး။အသွားအပြန်ဆိုသလို ရီးရဲလ် အတွက်လည်း မဟာဂန္နဝင်ဆိုသူတွေသိပ်မရှိသလို ၂၀၁၀ နောက်ပိုင်းမှာ အသင်းကနေအနားယူသူကမရှိသလောက်သူဖြစ်လာပါတယ်။စီးပွားတွက်ပဲကျွမ်းကျင်တဲ့ ပီးရက်ဇ်မှာ ခံစားတတ်တဲ့ နှလုံးသားမပါလာသလို ရီးရဲလ်ဂာ ဘယ်တုံးကမှလည်းကစားသမားတွေကို တိန်ဖိုးထား အမြတ်တနိုး လေးစားတဲ့ အသင်းမဟုတ်တဲ့နည်းတူ ရာမိုစ့်လို ဂန္နဝင်တွင်မယ့်ကျောက်ဆောင် ကို စွန့်လွှတ်ရလည်းပြသနာရှိဟန်တော့မတူပါဘူး။ရီးရဲလ်အနေနဲ့ လစာကို ယူရို(၁၀) သန်းအထက်ပေးချေဖို့ကပြသနာရှိနေချိန်မှာ ပဲရစ်ကတော့ယူရို(၁၅) သန်းအထိ ကမ်းလှမ်းထားပါတယ်။ ပြင်သစ်မြေဟာနေမာ ဘာပေး တို့စာချုပ်သစ်ချုပ်မယ်ဆိုတဲ့သတင်းတွေနဲ့အတူ ပိုချက်တီနိုအောက်မှာ မျှော်လင့်ခြင်းကြယ်စင်စု စုဝေးနေလို့ ကြယ်အိုတစ်ပွင့်ဖြစ်တဲ့ရာမိုစ့်တစ်ယောက် လင်းလက်နေချင်မှာတော့မဆန်းပါဘူး။တစ်ဖက်က ‌သစ္စာ တစ်ဖက်ကတော့ အနာဂတ် ပီးရက်ဇ်သာ စာချုပ်အတွက်တစ်နှစ်မတိုးပေးရင် ရာမိုစ်ါကို ပီအက်စ်ဂျီ မှာမြင်ရဖို့များပါတယ်။ပြောရမယ်ဆိုရင် အခုဒီဇင်ဘာမှာ ရာမိုစ့်၊အဂွဲရိုး၊မက်ဆီ တို့သာစာချုပ်ကုန်ဆုံးတော့မယ် (၆)လပိုင်းမတိုင်ခင်ကြိုက်နှစ်သက်ရာအသင်းနဲ့စာချူပ်သစ်ကြိုချုပ်ထားနိုင်ပေမယ့်သစ္စကိုတန်ဘိုးထားသူတွေဖြစ်လို့ နွေမှသာဆုံးဖြတ်မယ်လို့ဆိုပါတယ်။နွေဆိုရင်တော့ သက်ဆိုင်ရာအသင်းတွေက တာဝန်ယူခွင့်မရှိတော့လို့ အချိန်မလွန်ခင် တားဆီးထားနိုင်ဖို့တော့လိုပါတယ်။ #ramos #psg #realmadrid #Creditလေးစားစွာဖြင့်

Share: