အိုးထရက်ဖို့ဒ်မှာ အနိုင်သုံးမှတ်ကို စိမ်ပြေနပြေပါးရိုက်ယူသွားတဲ့ #ရှက်ဖီးယူနိုက်တက်

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားအောက်ဆုံးက ရှက်ဖီးကို အိမ်ကွင်းမှာပဲ အရှက်ရဖွယ်အရေးနိမ့်သွားခဲ့ပါတယ်။ မန်စီးတီးနဲ့ အပြိုင်ဖြစ်နေသလို အောက်အသင်းတွေနဲ့ အမှတ်လည်း သိပ်မကွာတဲ့ အခြေအနေမှာ အခုလိုအရေးနိမ့်ခဲ့ရတာက ယူနိုက်တက်အတွက် စိုးရိမ်ဖွယ်ဖြစ်ခဲ့ရပြီး ဆိုးလ်ရှားရဲ့ အမှားတွေကလည်း ဝေဖန်ချင်စရာဖြစ်လာခဲ့ရပါတယ်။ပုံစံကောင်းတွေပြနေတဲ့ ကာဗာနီကို ပွဲထွက်စာရင်းမှာ မထည့်ခဲ့ဘဲ မာရှယ်ကို ထည့်သွင်းခဲ့ရာမှာ ယူနိုက်တက်တိုက်စစ်ဟာ တော်တော်လေးဆိုးရွားနေခဲ့ပါတယ်။ မာရှယ်ဟာ တစ်ပွဲလုံးမှာ အပျော်တမ်းအဆင့်ကစားသမားခြေစွမ်းမျိုးကိုသာ ပြသနိုင်ခဲ့ပြီး အသင်းအတွက် ဘာမှအကျိုးမပြုနိုင်ခဲ့ဘဲရှိခဲ့သလို မက်ဂွိုင်းယားနဲ့ တွမ်ဇီဘီကို ဗဟိုခံစစ်မှာထားကစားခဲ့လို့ ရှက်ဖီးအတွက်တော့ အလှူအိမ်နဲ့ တိုးသလိုဖြစ်ခဲ့ရပါတယ်။ခံစစ်ပိုင်းအားနည်းမှုတွေရှိနေတဲ့ ယူနိုက်တက်ကြောင့် ရှက်ဖီးက ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပြီး ဒီဂီယာရဲ့ မမှားသင့်တဲ့ အမှားကနေ ဂိုးပေးခဲ့ရပါတယ်။ ကန်တင်ပေးမှုကို ထွက်ဆွဲရာမှာ တွက်ကိန်းလွဲခဲ့ပြီး ရှက်ဖီးအတွက်တော့ ထမင်းစားရေသောက်သဖွယ် ဂိုးသွင်းနိုင်ခဲ့ပြီး ပထမပိုင်းမှာကတည်းက ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ဘာမှမလုပ်ပြနိုင်တဲ့ မာရှယ်ကို ဆိုးလ်ရှားက လူစားလဲဖို့ နှမျောနေခဲ့တဲ့နောက် ယူနိုက်တက်တိုက်စစ်ဟာ မျက်ကန်းသဖွယ်ဖြစ်ခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ မက်ဂွိုင်းယားရဲ့ ချေပဂိုးပြန်ရဖို့ မျှော်လင့်ချက်ရှိခဲ့ပေမယ့် ရှက်ဖီးက အနိုင်ဂိုးပြန်သွင်းသွားခဲ့လို့ အိမ်ကွင်းမှာပဲ ရေတိမ်နစ်ခဲ့ကာ ဆိုးလ်ရှားအတွက် အရာရာကနောက်ကျသွားခဲ့ပြီး သူတို့ရဲ့ ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်၊ ပုံစံကောင်းရနေမှုတွေက ပျက်စီးသွားခဲ့ပါတယ်။အဆင့် ၂ဝမှာရှိနေတဲ့ ရှက်ဖီးဟာ ယူနိုက်တက်ကို ကောင်းကောင်းဒုက္ခပေးသွားခဲ့ပြီး အနိုင်သုံးမှတ်ကို ပါးပါရိုက်ကာ ယူသွားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ မန်စီးတီးကတော့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်သွားပြီဖြစ်ပြီး လက်ကျန်တစ်ပွဲကို အနိုင်ရခဲ့မယ်ဆိုရင် ၄ မှတ်အထိုနိုက်တက်ကို ဖြတ်တောက်နိုင်မှာပဲဖြစ်ပါတယ်။ #manutd #sheffieldunited #Creditလေးစားစွာဖြင့်

Share: