#လေဗာကူဆင်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားပြီဖြစ်တဲ့ #လက်စတာတောင်ပံကစားသမား #ဂရေး

လက်စတာအသင်းရဲ့ တောင်ပံကစားသမား ဂရေးဟာ ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ လက်စတာအသင်းနဲ့ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။ဂရေးဟာ ဒီရာသီမှာ နည်းပြ ဘရန်ဒန်ရော်ဂျာရဲ့ လက်အောက်မှာ ပွဲကစားခွင့် နည်းပါးနေသူ ဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ အသင်းကြီးအတွက် (၂) ပွဲပဲ ကစားခွင့် ရထားပါတယ်။ တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့တစ်ပတ်က လက်စတာအသင်းကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲလူစာရင်းမှာလည်း ပါဝင်ခဲ့ခြင်းမရှိပါဘူး။ တောင်ပံတိုက်စစ်ကစားသမားဟာ လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားကို ၂၀၁၅-၁၆ ဘောလုံးရာသီက ရရှိခဲ့တဲ့ လူစာရင်းထဲက ကျန်ခဲ့တဲ့ (၇) ယောက်ထဲက တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ သတင်းများအရလက်စတာအသင်းဟာ သူ့ကို ရောင်းချပြီး ဆဲလ်တစ်တောင်ပံကစားသမား ရိုင်ယန်ခရစ္စတီ ဒါမှမဟုတ် ရီဒင်းက မိုက်ကယ်အိုလစ်စီကို ခေါ်ယူရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။ စပါး၊ အဲဗာတန်၊ ဆောက်သမ်တန် နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ကတော့ လက်ရှိမှာ ဂရေးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ #demaraigray #leverkusen #Creditလေးစားစွာဖြင့်

Share: