#မန်ယူနဲ့ပွဲမှာ ပါဝင်ဖို့မသေချာတဲ့ #အူဘာမီးယန်းနဲ့ #တီရာနေး
 အူဘာမီးယန်းနဲ့ တီရာနေးတို့ဟာ ဆောက်သင်တန်ကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ အဓိက ကစားသမားနှစ်ယောက်ဖြစ်သလို စနေနေ့ ယူနိုက်တက်နဲ့ပွဲမှာ သူတို့ ပြန်လာ နိုင်ဖို့ မသေချာသေးဘူးလို့ အာတီတာက ဆိုပါတယ်။ပီပီ၊ ဆာကာနဲ့ လာကာဇက်တို့ရဲ့ဂိုးတွေကြောင့် အက်ဖ်အေဖလားမှာ ရှုံးခဲ့တဲ့ ဆောက်သင်တန်ကို ပရီးမီးယားလိဂ်မှာ ပြန်နိုင်ခဲ့တဲ့အတွက် အာတီတာက ပျော်ရွှင်နေခဲ့တာပါ။ဒါပေမယ့် အူဘာမီးယန်းက ပုဂ္ဂိုလ်ရေးအကြောင်းပြချက်တွေကြောင့် ဒီပွဲမှာ မပါဝင်ခဲ့သလို တီရာနေး က ဒဏ်ရာနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။အာတီတာက ဆင်နယ်ရဲ့နိုင်ပွဲကို အူဘာမီးယန်းအတွက် ရည်စူးခဲ့ပေမယ့် လာမယ့် စနေနေ့ ယူနိုက်တက်နဲ့ပွဲမှာ သူ့ကို လူစာရင်းထဲ ပြန်ခေါ်နိုင်မလားဆိုတာကို မရေမရာဖြစ်နေတာပါ။ယူနိုက်တက်ပွဲအတွက် တီရာနေး ပါဝင်လာမလားလို့ မေးမြန်းခဲ့ရာ အာတီတာက “ကျွန်တော် မသိပါ ဘူး။ သူက အက်ဖ်အေဖလားပွဲမှာ မပါဝင်ခဲ့ဘူး။ ဒဏ်ရာရခဲ့တယ်။ ဒီနေ့လဲ သူက ဒဏ်ရာရနေတုန်းပဲ။ ယူနိုက်တက်နဲ့ပွဲအတွက် သူ့အခြေအနေ တိုးတက်လာမလားဆိုတာကို စောင့်ကြည့်ကြတာပေါ့” လို့ ဖြေကြားခဲ့ပါတယ်။ပွဲမတိုင်ခင် အူဘာမီးယန်းနဲ့ပတ်သက်ပြီးတော့လဲ “ပြဿနာက ဖြစ်နေတုန်းပါပဲ။ အခုထိ မဖြေရှင်းရ သေးပါဘူး။ သူက အချိန်နည်းနည်းလိုနေတယ်။ ကျွန်တော်တို့ ဒါကိုလေးစားရမှာဖြစ်ပြီး သူ့ကို ထောက်ပံ့ပေးရမှာပါ” လို့ အာတီတာက ပြောခဲ့တာပါ။ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ထပ်မံပြီးတော့ အာတီတာက “ဘာသတင်းမှ ထပ်ပေးဖို့မရှိပါဘူး။ ဒါပေမယ့် သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ထောက်ပံ့ကာကွယ်ပေးနေတာတွေကို ကျွန်တော် သဘောကျတယ်။ အူဘာက အခု ခက်ခဲတဲ့အချိန်ဖြစ်နေတာပါ။ ကျွန်တော်တို့အားလုံး သူ့နောက်မှာ ရှိနေပါတယ်။ ဒီနိုင်ပွဲက သူ့အတွက် ရည်စူးတာပါ” လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ #aubameyang #tierney #arsenal #Creditလေးစားစွာဖြင့်

Share: