#ယူနိုက်တက်ပရိသတ်တွေ မခံမရပ်နိုင်မယ့်ပြောဆိုမှုကို ပြုလုပ်ခဲ့တဲ့ #ပီတာခရော့ခ်ျ

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းပီတာခရော့ခ်ျက သူ့ရဲ့အသင်းဟောင်းဟာ အမှတ်ပေးဖလားကို ရယူနိုင်သေးတယ်လို့ ပြောဆိုလိုက်ပြီး ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်ရဲ့အထက်မှာ ရပ်တည်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ကြောင်းပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်ကတော့ စပါးကို အနိုင်ရရှိခဲ့ပြီးနောက် အဆင့်လေးနေရာကို တက်လှမ်းလာခဲ့ပြီး ယူနိုက်တက်အောက် သုံးမှတ်အကွာမှာ ရှိနေပါတယ်။ငါးပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တဲ့ လီဗာပူးလ်ဟာ စပါးကိုအနိုင်ရခဲ့လို့ ရလဒ်ဆိုးတွေအောက်က ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး လာမယ့်ပွဲအဖြစ် ခြေတက်နေတဲ့ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းမှာ ဆက်လက်ကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ရှက်ဖီးကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာကြောင့် အဖိုးတန်ရမှတ်တွေဆုံးရှုံးခဲ့ရပြီး မန်စီးတီးကို ပထမနေရာလွှဲပေးခဲ့ရသလို အောက်အသင်းတွေနဲ့ အမှတ်ကွာဟချက်လည်း ကျဉ်းမြောင်းသွားခဲ့ပါတယ်။ပီတာခရော့ခ်ျက “လီဗာပူးလ်က သူတို့အကျပ်တွေ့ခဲ့တဲ့အချိန်တွေကနေ လွတ်မြောက်စပြုနေပါပြီ၊ ကျွန်တော်နဲ့ ရီယိုဖာဒီနန်တို့ အလောင်းအစားအနည်းငယ်လုပ်ထားပါတယ်၊ လီဗာပူးလ်က ရာသီကုန်ရင် ယူနိုက်တက်အထက်မှာရှိမယ်လို့ ကျွန်တော်ထင်နေတုန်းပဲ၊ သူတို့က အမှတ်ပေးဖလားကို စိန်ခေါ်နိုင်သေးတဲ့ အခြေအနေမှာလို့လည်း ထင်ပါတယ်၊ သူတို့မှာ ကစားသမားကောင်းတွေရှိနေပါသေးတယ်၊ ဒီနေ့ညမှာ ဟန်ဒါဆန်က နောက်ကိုဆင်းကစားတာ တကယ်အံ့မခန်းပါ”“ခက်ခဲတဲ့အချိန်တစ်ချို့တော့ရှိခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ နက်ဖိလစ်က ကစားခွင့်ရနေခဲ့လို့ဖြစ်ပြီး မာတစ်နဲ့ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာတော့ ကျွန်တော်မသိပါဘူး၊ ဒီအတွက် ဗဟိုခံစစ်မှာ သူတို့အခက်တွေ့နေခဲ့ရပါတယ်၊ ဒါပေမယ့်လည်း ခင်ဗျားမှာ ကောင်းမွန်တဲ့ တိုက်စစ်အင်အားစုရှိနေတယ်ဆိုရင် သူတို့က ခင်ဗျားကို စိတ်ကြိုက်လုပ်နိုင်စရာအကြောင်းရင်းမရှိပါဘူး” လို့ ပီတာခရော့ခ်ျက ပြောဆိုခဲ့ပြီး အသင်းဟောင်းအပေါ် သူ့ရဲ့ယူဆချက်ကို ဖွင့်ဟသွားခဲ့ပါတယ်။ #petercrouch #manutd #liverpool #Creditလေးစားစွာဖြင့်

Share: