နိုင်ပွဲပျောက် #လီဗာပူးလ်၊ဂိုးပေါက်ပျောက် #ဖာမီနိုတို့ ပျောက်ရာကပြန်ပေါ်လာတဲ့ည

နိုင်ပွဲတွေဆက်တိုက်ပျောက်ပြီး အောင်ပွဲဆိုတာဘာမှန်းမသိတာကြာပြီဖြစ်တဲ့ လီဗာပူးလ်ဟာ အဝေးကွင်းမှာ စပါးကို အနိုင်ယူပြီး သုံးမှတ်ရခဲ့ပြီဖြစ်ပါတယ်။ ဖိအားတွေရှိနေတဲ့ လီဗာပူးလ်တို့ ဒီပွဲကို မဖြစ်မနေအနိုင်ရဖို့ အရေးကြီးတာကြောင့်လည်း အားကုန်ထည့်ကစားခဲ့ပြီး စပါးကလည်း အိမ်ကွင်းမှာ အကောင်းဆုံးလူစာရင်းနဲ့ လီဗာပူးလ်ကို အနိုင်ယူဖို့ပြင်ဆင်လာခဲ့ပါတယ်။ပွဲအစ ၃ မိနစ်မှာပဲ ဆွန်ဟောင်မင်က ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့်လည်း လူကျွံနေတယ်လို့ သတ်မှတ်ခဲ့လို့ ဂိုးမရခဲ့ပါဘူး။ ဒါပေမယ့်လည်း VAR ပြန်လည်ကြည့်ရှူမှုမှာတော့ ဆွန်ဟောင်မင်နဲ့ အာနိုးလ်တို့ တစ်တန်းတည်းအတူတူရှိနေခဲ့ပြီး အငြင်းပွားဖွယ်ရာသုံးသပ်မှုဖြစ်ခဲ့ကာ စပါးအတွက်တော့ အဆိုပါဂိုးသာရခဲ့မယ်ဆိုရင် ပွဲရလဒ်က တစ်နည်းတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။ဦးဆောင်ဂိုးကိုတော့ ဂိုးပေါက်ပျောက်နေတာ ကြာပြီဖြစ်တဲ့ ဖာမီနိုက ပထမပိုင်းပြီးခါနီးမှာ သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာ အာနိုးက နောက်တစ်ဂိုးထပ်သွင်းလို့ လီဗာပူးလ်တို့ နှစ်ဂိုးအသာနဲ့ ဦးဆောင်ခဲ့ကာ ၄၉ မိနစ်မှာ ဟိုးလ်ဘာ့ဂ်ျက စပါးအတွက်ပြန်လည်ချေပခဲ့လို့ ၂-၁ အနေအထားဖြစ်ပြီး ပွဲကပိုမိုအကြိတ်အနယ်ရှိလာခဲ့ပါတယ်။၆၅ မိနစ်မှာတော့ မာနေးက နောက်တစ်ဂိုးထပ်သွင်းပြီး ပွဲကိုအပြတ်ဖြတ်နိုင်ခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ စပါးတို့ရုန်းကန်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့သလို လီဗာပူးလ်ကလည်း ဂိုးမပေးရအောင် ကစားပြနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးလ်က အဆင့် ၄ နေရာကို ပြန်တက်နိုင်ခဲ့ပြီး စပါးကတော့ တစ်ပွဲလျော့အနေအထားနဲ့ အဆင့် ၆ နေရာမှာသာရှိနေကာ လာမယ့်ပွဲတွေကို ပြန်လည်ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ #firmino #tottenhamhotspur #liverpool #Creditလေးစားစွာဖြင့်

Share: