#ဗန်ဒိုက်ခ်ျ နဲ့ နှိုင်းယှဉ်ခံရတာတွေအပေါ် စိတ်မ၀င်စားဘူးလို့ ဆိုလိုက်တဲ့ #လက်စတာနောက်ခံလူ #ဖိုဖန်နာ

လက်စတာအသင်းရဲ့ နောက်ခံလူ ၀က်စ်လေဖိုဖန်နာက ဗန်ဒိုက်ခ်ျ နဲ့ နှိုင်းယှဉ်ခြင်းခံနေရတာတွေအပေါ် စိတ်မ၀င်စားဘူးလို့ ပြောသွားခဲ့ပါတယ်။ အသက် ၂၀ အရွယ်ပြင်သစ်ကစားသမားဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ ဗန်ဒိုက်ခ်ျ နဲ့ နှိုင်းယှဉ်ခံနေရတာ ဖြစ်ပါတယ်။ ဖိုဖန်နာက သူ့ကို အခုလို ချီးကျူးတာတွေကို ၀မ်းသာပေမယ့် အဲ့ဒါတွေကြောင့် စိတ်အနှောက်အယှက်မဖြစ်ချင်ဘူးလို့ ပြောသွားခဲ့ပါတယ်။“ဒီလိုအရာမျိုးကို ကြားရတာ မယုံနိုင်စရာကောင်းလောက်အောင်ကို ကောင်းပါတယ်။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကျွန်တော်က နောက်ထပ် ဗန်ဒိုက်ခ်ျ တစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကျွန်တော်ပါပဲ။ ကျွန်တော့်ကစားသမားဘ၀ကို ကျွန်တော်ပဲ ဦးဆောင်မှာဖြစ်ပြီး ကျွန်တော့်အတွက် အကောင်းဆုံးဆိုတာတွေကိုပဲ လုပ်သွားမှာပါ။သေချာတာကတော့ ဒီလိုအရမ်းကောင်းတဲ့ ဗန်ဒိုက်ခ်ျလို လူမျိုး နဲ့ နှိုင်းယှဉ်တာတွေကို လူတွေပြောနေတာ ကြားရတဲ့အခါ ကျွန်တော် တစ်ကယ်ကို ၀မ်းသာပါတယ်။ ဒီလို နှိုင်းယှဉ်တာတွေကို ကျွန်တော် အာရုံစိုက်ဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ကျွန်တော့်ဟာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်အပေါ်ကိုပဲ အာရုံစိုက်သွားမှာပါ” လို့ ဖိုဖန်နာက အဲဗာတန်နဲ့ (၁-၁) သရေကျခဲ့တဲ့ ပွဲမတိုင်ခင်တုန်းက ပြောသွားခဲ့တာ ဖြစ်ပါတယ်။ #fofana #vandijk #Creditလေးစားစွာဖြင့်

Share: