#ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာဖို့ သေချာသွားခဲ့ပြီဖြစ်တဲ့ #ရာမို့စ်

ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်က အသင်းခေါင်းဆောင်နောက်ခံလူဆာဂျီယိုရာမို့စ်ဟာ ပီအက်စ်ဂျီနဲ့ ပူးပေါင်းလိမ့်မယ်လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။ ရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ရာမို့စ်ကို ရီးရဲလ်က စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မမြင်ဖြစ်နေခဲ့ပြိး နွေရာသီမှာ အလွတ်ထွက်ခွာခွင့်ပြုရတော့မှာလည်းဖြစ်ပါတယ်။စပိန်သတင်းဌာန El Pais ရဲ့ ဖော်ပြချက်အရ သူ့ကို ပီအက်စ်ဂျီက တစ်နှစ်လုပ်ခ ပေါင် ၁၇.၆ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ရာမို့စ်က ပီရက်ဇ်ကို ပြောဆိုခဲ့ကြောင်းသိရပြီး ကစားသမားကိုယ်တိုင်ကလည်း လက်ခံချင်နေတယ်လို့ ဆိုပါတယ်။ အဆိုပါပမာဏဟာ ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီရရှိနေတဲ့ လုပ်ခလစာထက် ပိုမိုများပြားမှာဖြစ်ပြီး အသက် ၃၅ နှစ်ပြည့်တော့မယ့် ရာမို့စ်အတွက်တော့ မက်လောက်စရာလည်းဖြစ်ပါတယ်။ရီးရဲလ်ကတော့ ရာမို့စ်ကို လုပ်ခလစာ ၁၀% လျှော့ယူပြီး တစ်နှစ်သက်တမ်းတိုးဖို့ ကြိုးစားနေတာဖြစ်ပြီး စပိန်နောက်ခံလူကတော့ ငြင်းဆိုခဲ့ပါတယ်။ လုပ်ခလစာကို မူလအတိုင်းပေးချေဖို့နဲ့ စာချုပ်သက်တမ်းကို ၂ နှစ်အထိချုပ်ဆိုဖို့ ရာမို့စ်က တောင်းဆိုထားခဲ့ပြီး ပီရက်ဇ်နဲ့ ဟိုတယ်တစ်ခုမှာ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်း စပိန်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Pedrerol က ဖော်ပြခဲ့ပါတယ်။ဆွေးနွေးမှုတွေပြုလုပ်ခဲ့ချိန်မှာတော့ ပြေလည်မှုမရရှိတဲ့နောက် ရာမို့စ်ကို ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ပီရက်ဇ်က ပြောဆိုခဲ့တယ်လို့လည်း ကောလဟလသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ Pedreol ကတော့ ရာမို့စ်ဟာ သူ့အတွက်ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတယ်လို့ ပြောဆိုခဲ့ပြီး ရာသီကုန်မှာ သေချာပေါက် ဘာနေဗျူးကနေ ထွက်ခွာလိမ့်မယ်လို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။ #ramos #realmadrid #Creditလေးစားစွာဖြင့်

Share: