#မက်ဆီလာမယ်ဆိုရင် ထမင်းချက်လုပ်ရလည်း PSG မှာ ဆက်နေမယ်ဆိုတဲ့ #ဒီမာရီယာ

ပီအက်စ်ဂျီတောင်ပံကစားသမားဒီမာရီယာက အသင်းကို မက်ဆီရောက်လာခဲ့မယ်ဆိုရင် သူ့အနေနဲ့ ဘောလုံးကစားရတာမဟုတ်ဘဲ ထမင်းချက်အဖြစ်နဲ့ လုပ်ရမယ်ဆိုရင်တောင် အသင်းမှာသာဆက်လက်ကစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါဟာ မက်ဆီက ပီအက်စ်ဂျီကိုပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်နေချိန်မှာ အာဂျင်တီးနားအသင်းဖော်က ကြိုဆိုစကားဆိုလိုက်တာလည်း ဖြစ်ပါတယ်။ရိးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်ကစားသမားဟောင်း ဒီမာရီယာဟာ ပြင်သစ်ကလပ်ရဲ့ အဓိကကစားသမားအဖြစ် နှစ်အတန်ကြာကစားပေးနေခဲ့ပြီးဖြစ်ပါတယ်။ အာဂျင်တီးနားမှာ မက်ဆီနဲ့ အသင်းဖော်တွေဖြစ်သလို ရင်းနှီးတဲ့ဆက်ဆံရေးလည်းရှိတာကြောင့် ဒီမာရီယာက မက်ဆီကို ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ထမင်းချက်ပဲလုပ်ရမယ်ဆိုရင်တောင် မက်ဆီရှိရင် သူလည်း ရှိနေမယ်လို့ ပွင့်ပွင့်လင်းလင်းပြောခဲ့တာဖြစ်ပါတယ်။“မက်ဆီနဲ့အတူ ကလပ်အသင်းတစ်ခုမှာကစားဖို့ အမြဲတမ်းအိပ်မက်မက်နေခဲ့တာပါ၊ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာတော့ ကျွန်တော်တို့အမြဲတမ်းကစားခဲ့ကြပါတယ်၊ ဒါပေမယ့် အချိန်ကာလက အရမ်းတိုတောင်းတယ်လေ၊ သူနဲ့တွဲကစားဖို့က ကျွန်တော့်ရဲ့အိပ်မက်ပါ၊ ဘာစီလိုနာမှာ သူနဲ့တွဲကစားဖို့ အခွင့်အရေးတစ်ခုရဖူးပါတယ်၊ ဒါပေမယ့်လည်း အဲဒါကဖြစ်မလာခဲ့ပါဘူး၊ အခု နောက်ထပ်အခွင့်အရေးတစ်ခုကို မြင်နေရပါပြီ”“ဒါပေမယ့်လည်း ကျွန်တော့်စာချုပ်က ကုန်ဆုံးတော့မှာပါ၊ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါပေမယ့် ဒီအသင်းကို ကျွန်တော်ချစ်မြတ်နိုးပြီး ဒီမှာလည်းပျော်ရွှင်မိပါတယ်၊ ရော်နယ်ဒို၊ နေမာ၊ ဘတ်ပီတို့နဲ့ ကျွန်တော်တွဲဖက်ကစားခွင့်ရခဲ့ပြီးပါပြီ၊ လီယိုနဲ့လည်းကစားချင်ပါသေးတယ်၊ ကျွန်တော့်မိန်းမက တကယ်လို့သာ လီယိုအသင်းကိုလာမယ်ဆိုရင် ထမင်းချက်လုပ်ရမယ်ဆိုရင်တောင် ရှင် ဆက်နေသင့်တယ်လို့ပြောခဲ့ပါတယ်” လို့ ဒီမာရီယာက ဖွင့်ဟသွားခဲ့ပါတယ်။ #messi #dimaria #psg #Creditလေးစားစွာဖြင့်

Share: