#ရော်နယ်ဒိုကို #နစ္စတယ်ရွိုင်းက ဘယ်လိုအပိုးချိုးလိုက်လဲ ပြောပြခဲ့တဲ့ #ဖာဒီနန် 

ရော်နယ်ဒို ဆိုတာ မန်ယူနိုက်တဒ်၊ရီးရဲလ်မက်ဒရစ်၊ယူဗင်းတပ်စ်တို့မှာအထိမခံ ရွှေပန်းကန်ကစားသမားတစ်ယောက်ဆိုလည်းမမှားပါဘူး။ ရော်နယ်ဒို ကို လေ့ကျင့်‌ရေးမှာ ထိခဲ့ရင်တောင် နောက်နေ့ လေ့ကျင့်ရေးထပ်ရဖို့တောင် မသေချာတဲ့အနေထားဖြစ်လို့ အသင်းတိုင်းဟာ ရော်နယ်ဒိုကို မထိဖို့ အထိ တားမြစ်ထားကြပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုဆိုတာ ဒီနေ့ လူပေါ်ကျော့ဖြစ်နိုင်ဖို့တစ်ချိန်ကတော့ အတော်လေးကြိုးစားရုန်းကန်ခဲ့ရပါသေးတယ်။ရော်နယ်ဒို ဟာ မန်ယူနိုက်တ‌ဒ်ကိုရောက်တော့ (၁၈) နှစ်သာရှိသေးသလိုသူရောက်စယူနိုက်တဒ်ဆိုတာကတကယ့်ဒိတ်ဒိတ်ကြဲတွေစုဝေးနေတာပါ။ထိုစဉ်က ယူနိုက်တဒ်မှာ ရုဒ်ဗန်နစ္စတရွိုင်းက အဓိက ကစားသမားလိုဖြစ်နေပြီး ရော်နယ်ဒိုတစ်ယောက်တော့အတော်လေး မျက်နှာငယ်ခဲ့ရတဲ့အခိုက်တံ့တွေရှိခဲ့ဖူးပါတယ်။ရီယိုက”သူကချက်ချင်းတော့ ခြေစွမ်းတွေအရမ်းပြလာတာမဟုတ်ဘူးလေ။ဒါပေမယ့် သူကတကယ်ကို ကောင်းလွန်းပြီး ခြေစွမ်းခြေစ နဲ့ပါရမီ က တကယ်ကိုပြည့်ဝတယ်ဆိုတာမြင်နေရတယ်လေ။သူကအံမခန်းပါပဲ ပြီးတော့သူက စ‌ကေးလ်တွေပြနေရတာကြိုက်တယ်လေ။သူကလေ့ကျင့်ရေးတိုင်းမှာအတော်လေး အထူးဆန်းတွေလုပ်ပြလေ့ရှိပြီး တစ်ခါသားတော့ သူ တိုင်ပတ်တော့တာပါပဲ”“ဒီဖြစ်ရပ်ကပဲ သူ့ကို အခုလိုကောင်းမွန်လွန်းတဲ့ ကစားသမားဖြစ်အောင် ပြင်ဆင်‌ပေးခဲ့တယ်လို့တောင်ထင်ပါတယ်။ပြောရရင် အဲ့တုံးက ရုဒ်ဗန်နစ္စတရွိုင်းဆိုတာ တကယ့်လူဗျ။ သူကပဲယူနိုက်တဒ်ရဲ့ ဂိုးတိုင်းကိုသွင်းယူနေသူလေ။ ပြောရမယ်ဆို ထိလို့မရတဲ့သူတွေထဲပါတာပေါ့ဗျာ၊ တစ်ခါသားလေ့ကျင့်ရေးမှာ ရော်နယ်ဒိုက တောင်ပံမှာဘောလုံးရဝာာပေါ့။ရုဒ်ကလည်းချက်ချင်းပဲ စည်းထဲပြေးဝင်ပြီး ဂိုးသွင်းဖို့ဟန်ပြင်နေတာပေါ့။ဒါပေမယ့်ရော်နယ်ဒိုက ကန်တင်ပေးရမယ့်အစား ဘေးကိုထွက်သွားပြီး စကေးလ်တွေပြတော့တာပါပဲ။ရော်နယ်ဒိုကဘေးအခြမ်းထမ်းမှာ စကေးလ်တွေပြနေတော့ ရုဒ်လည်း အတော့်ကို ပေါက်ကွဲခဲ့တာပါ”“ရုဒ်တစ်ယောက် ဒေါသအကြီးကျယ်ထွက်ပြီး သူ့ငါ့ဆီဘာလို့ဘောလုံးမကန်တင်ပေးတာလည်းဆိုအော်ဟစ်တာတွေလုပ်ပြီးသူ့ဆီပြေးသွားတာပါပဲ။ ရော်နယ်ဒို ကို ရုဒ် တစ်ယောက် အတော်လေးပြောဆိုခဲ့သလို အားလုံးကလည်း သူမှားတယ်ဆိုတာပြောဆိုခဲ့တာပေါ့။ရော်နယ်ဒိုကိုယ်တိုင်ကလည်း ရုဒ်မှန်တယ်ဆိုဝာာ ကိုသိခဲ့သလို သူ့ရဲ့နောက်ပိုင်းအချိန်တွေမှာ အလိမ်ခေါက်တွေအစား တိကျတဲ့ပေးပို့မှု့တွေ၊သွင်းဂိုးတွေသာ ပြုလုပ်ခဲ့ပြီး သူ့ကစားပုံကို စနစ်တကျ အချက်လက်တွေနဲ့ပြင်ဆင်ခဲ့တယ်လေ။အဲ့ဒီနေ့က ကျနော်တို့က မင်းကဘယ်လိုသိပ်ကောင်းတဲ့နံပတ်(၇)ဖြစ်လာမှာလည်း ငါတို့ကို ဒါတွေလာလုပ်မပြနဲ့မင်းအရှေ့မှာ ဂျော့ခ်ျဘတ်စ် နဲ့ ဒေးဗစ်ဘက်ခမ်းက ဒီနံပတ်ကိုဝတ်လာတာလို့ပြောခဲ့တာလေ။သူလည်းအဲ့နေ့က ကျနော်ဘယ်လိုလုပ်ရမလည်းဆိုပြီး ခေါင်းရှုတ်နေခဲ့တာတော့အသေချာပါပဲ”လို့ဆိုပါတယ်။ #ronaldo #nistelrooy #rioferdinand #Creditလေးစားစွာဖြင့်

Share: