#အာဆင်နယ်ကို နှစ်ခါအရှုံးမခံဘူးလို့ ပြောလိုက်တဲ့ #ဆိုးလ်ရှား

မန်ယူနိုက်တဒ် အနေနဲ့ ရှက်ဖီးလ်နဲ့ပွဲ ရှုံးနိမ့်မှု့ကိုအကောင်းဆုံးလက်စားချေမယ်လို့ဆိုပြီး ပြင်းထန်စွာကြိုးစားနေပေမယ့် ယခုတွေ့ရမှာက အာဆင်နယ် ဖြစ်နေလို့ စိုးရိမ်စရတာတွေတော့ရှိပါတယ်။အာဆင်နယ်ကို ပထမတစ်ကျော့မှာ ချန်ပီယံလိဂ်ဘက်ရှီယာကိုရှုံးနိမ့်ပြီးနောက် နှစ်ကြိမ်ဆင်အဖြစ် ရှုံးနိမ့်ခဲ့ကာ နှစ်ပွဲဆက်ရှုံးတာမျိုးဖြစ်ခဲ့ဖူးတာကြောင့်ယခုတစ်ကြိမ်မှာ လည်း အရှေ့မှာ ရှက်ဖီးလ်ကိုရှုံးထားလို့ဆိုးလ်ရှားတစ်ယောက်အတော်လေးစိုးရိမ် နေမှာသေချာပါတယ်။အာဆင်နယ်ကလည်းလက်ရှိမှာ (၇)ပွဲဆက် ကန်ထားရာမှာ ခြောက်ပွဲအထိ အနိုင်ရခဲ့လို့အတော်လေး ခြေစွမ်းကောင်းနေသလို မန်ယူနိုက်တ‌ဒ်အနေနဲ့ အတော့်ကိုရုန်းကန်ရဖွယ်ရှိပါတယ်။ဒါပေမယ့်လည်း ဆိုးလ်ရှားကတော့ သူတို့အနေနဲ့နှစ်ခါမရှုံးဘူးလို့ ပြတ်သားစွာပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားက”ကျနော်တို့ပွဲတစ်ပွဲပြီးတိုင်းမှာ အမြဲတမ်း ဆန်းစစ်တာတွေ ပြန်ပြီး လေ့လာ‌တာတွေ ပြန်လုပ်လေ့ရှိပါတယ်။ဒါကသာမန်ကိစ္စဆိုပေမယ့်အမှားတွေပြုပြင်ရမှာတွေကို ပြန်ပြီးလေ့လာလို့ရနိုင်တယ်လေ။ဒါပေမယ့် ကျနော်တို့လိုအသင်းကြီးအနေနဲ့ ထိခိုက်တာမျိုးကိုတော့ ခံစားလို့တော့မရနိုင်ဘူးပေါ့လေ”ကျနော်တို့လည်း ဒီရှုံးပွဲကြောင့်‌အတော့်ကို ထိခိုက်ခဲ့တာပါပဲ။ဒါပေမယ့် ဒီအဆင့်မှာ ငါတို့ရှုံးလို့စိတ်ပျက်တယ်ဆိုပြီးပြောလို့မရဘူး မဟုတ်လား။လေ့လာဖို့ပြန်သင်ယူဖို့ဆိုပြီးတော့ တော့အသင်းကိုရှုံးချင်မှာမဟုတ်ဘူးလေ။ကျနော်တို့လည်းမထင်မှတ်ပဲ အနည်းငယ်ရပ်တံ့သွားတာပါ။ဒါက ဒီရာသီမျိုးမှာ ဖြစ်နိုင်တာမျိုးပဲမဟုတ်လား ကျနော်တို့မရှူံနိမ့်ပဲ ဒီရာသီကိုအဆုံးသတ်နိုင်မယ်လို့တော့ မထင်ထားပါဘူး။ဒိတော့ ရှူံနိမ့်တာကဖြစ်မှာပါပဲ ဒါပေမယ့်ပြန်နိုးထဖို့သာလိုတာပါ”။“ကျနော်တို့ရှုံးနိမ့်ခဲ့တဲ့အခြေအနေတိုင်းကနေ ပြန်လာခဲ့နိုင်တာပဲမဟုတ်လား။ ဘက်ရှီယာကိုလည်း အရှုံးကနေပြန်လာနိုင်ခဲ့သလို အာဆင်နယ်ကလည်း ကျနော်တို့ကျန်ရှိနေတဲ့အသင်းပါပဲ။ကျနော်တို့မှာ တစ်ခါရှုံးထားရင်နောက်တစ်ခါပြန်နိုင်မယ်လို့ ခံစားချက်ကောင်းကရှိနေသလို ကျနော်တို့အတွက်ဒါကအလုပ်ဖြစ်နေတယ်လို့ထင်ပါတယ်။အာဆင်နယ်နဲ့ မန်ယူနိုက်တဒ်ဆိုတာက တကယ်ကို ထင်ရှားတဲ့ပြိုင်ဘက်တွေဖြစ်သလို သိပ်ကိုပြိုင်ဆိုင်မှု့လည်းပြင်းထန်ပါတယ်။ကျနော်တို့နှစ်သင်းကြားမှာက သိပ်ကိုထူးခြားတဲ့ ပြိုင်ဆိုင်မှု့အချို့လည်းရှိခဲ့တယ်မဟုတ်လား။ကျနော်တို့အနေနဲ့ ဒီလိုပွဲတွေမှာ‌ဂိုးတွေပေးရတာမျိုးမဖြစ်လိုပါဘူး။ အရှေ့မှာတစ်ပွဲထဲခြောက်ဂိုး ပေးခဲ့ရတာမျိုးကဝောာ့ထပ်ဖြစ်လို့မရဘူးလေ။ကျနော်တို့အနေနဲ့ အာဆင်နယ်နဲ့ပွဲမှာလည်း အကောင်းဆုံးပုံစံမှာ ရှိနေလိမ့်မယ်လို့ မျှော်လင့်ကြောင်း”ဆိုပါတယ်။ #solskjaer #manutd #arsenal #Creditလေးစားစွာဖြင့်

Share: