#ဒါဘီကို ၃ ပွဲဆက်နိုင်ပွဲရအောင် စွမ်းဆောင်ပေးပြီး ရလဒ်ကောင်းတွေယူနေတဲ့ #ရွန်နီ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဝိန်းရွန်နီ ကိုင်တွယ်နေတဲ့ ဒါဘီကောင်တီအသင်းဟာ ချန်ပီယံရှစ်နောက်ဆုံး ၃ ပွဲဆက်တိုက် အနိုင်ရရှိမှုနဲ့အတူ တန်းဆင်းဇုန်ကနေ ရုန်းထွက်လာနိုင်ခဲ့ကာ အခြေအနေကောင်းနေခဲ့ပြီဖြစ်ပါတယ်။ အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူခဲ့ချိန်မှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နောက်ဆုံးပွဲတွေကိုတော့ ရွန်နီက အနိုင်ရရှိအောင်စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ထူးခြားတိုက်ဆိုင်တာကတော့ ရွန်နီရဲ့ဒါဘီအသင်းဟာ ပွဲစဉ်အားလုံးမှာ ၁-၀ ဆိုတဲ့ ရလဒ်တွေထွက်ပေါ်နေခဲ့တာပဲဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲဆက်တိုက်မှာ ဒါဘီအသင်းတစ်ပွဲအရေးနိမ့်ခဲ့ပြီး ရလဒ်က ၁-၀ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံး ၃ပွဲဆက်အနိုင်ရခဲ့သလို ပေးဂိုးလည်းမရှိခဲ့တာကြောင့် ဒါဘီရဲ့ ကစားပုံနဲ့ ရလဒ်တွေကတော့ စိတ်ကျေနပ်စရာကောင်းနေတာတော့ အမှန်ပါပဲ။အသက် ၃၃ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာ ဘဏ္ဍာရေးပြသနာတွေပါ ရှိနေတဲ့ အသင်းကို ကိုင်တွယ်ခဲ့ရတာဖြစ်ပြီး အသင်းတွင်း ကစားသမားတွေကို လစာငွေပေးချေမှုလည်း မပြုလုပ်နိုင်တဲ့ ပြသနာတွေရှိနေခဲ့ပါတယ်။ ဒီအခြေအနေမှာ ရွန်နီက အသင်းသားတွေကို ကောင်းကောင်းစည်းရုံးထားနိုင်ခဲ့သလို လစာငွေအမြန်ဆုံးရရှိအောင်လည်း ကြားဝင်ညှိနှိုင်းပေးမှုတွေပြုလုပ်ခဲ့ကာ သူရရှိမယ့် လစာတစ်စိတ်တစ်ပိုင်းကိုလည်း ဆိုင်းငံ့ထားခဲ့ပါတယ်။လက်ရှိမှာ ဒါဘီက အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ၅ မှတ်ကွာအနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အသင်းပေါင်း ၂၄ သင်း ကစားနေတဲ့ ချန်ပီယံရှစ်မှာ တန်းမဆင်းရဖို့အတွက် ရွန်နီက အဓိကထားတာဝန်ယူပေးသွားရမှာဖြစ်ပြီး အမြဲတမ်းနည်းပြဖြစ်လာခဲ့တဲ့နောက်မှာ အသင်းကို ဇယားအောက်ခြေကနေ အပေါ်ကို တဖြည်းဖြည်းနဲ့ဆွဲတင်ပေးနေခဲ့ပြီလည်းဖြစ်ပါတယ်။ #rooney #derbycounty #Creditလေးစားစွာဖြင့်

Share: