ခံစစ်ပြဿနာကို ဖြေရှင်းရန်အတွက် #မူစတာဖီကို ခေါ်ယူရန် စဉ်းစားနေတဲ့ #လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ အသင်းရဲ့ ခံစစ်ပြဿနာကို ဖြေရှင်းရန်အတွက် အာဆင်နယ်နောက်ခံလူ မူစတာဖီကို ခေါ်ယူရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဂျာမန်ဗဟိုနောက်ခံလူဟာ အာတီတာရဲ့ အသင်းမှာ ကစားခွင့်ပျောက်ဆုံးနေပြီး အသင်းကနေ ရောင်းချခံရဖို့ များနေသူ ဖြစ်ပါတယ်။သတင်းများအရ လီဗာပူးလ်အသင်းဟာ အာဆင်နယ်အသင်းဘက်ကိုတော့ မကမ်းလှမ်းရသေးပေမယ့် မူစတာဖီကတော့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်းကလည်း နွေရာသီမှာ ကုန်ဆုံးမှာဖြစ်လို့ လီဗာပူးလ်အသင်းဘက်က သူ့ကို ပြောင်းရွှေ့ကြေးနဲနဲလောက်နဲ့ ခေါ်ယူလို့ရနိုင်မှာ ဖြစ်ပါတယ်။အာဆင်နယ်နည်းပြ အာတီတာကလည်း မူစတာဖီရဲ့ အေးဂျင့်ဖြစ်သူနဲ့ စာချုပ်ဖျက်သိမ်းရန် ဆွေးနွေးခဲ့တယ်လို့ ပြီးခဲ့တဲ့ အပတ်က ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားကို လာဇီယိုကလည်း စိတ်ဝင်စားနေပြီး ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ #mustafi #liverpool #arsenal #Creditလေးစားစွာဖြင့်

Share: