#အာဆင်နယ်ကိုသရေကျခဲ့တဲ့ပွဲအပြီးမှာ #ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်ကို #ပေါလ်စခိုးလ်ဝေဖန်

ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အာဆင်နယ်ကိုသရေကျခဲ့တဲ့ပွဲအပြီးမှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ပြောကြားလိုက်ပါတယ်။ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ အာဆင်နယ်နဲ့ပွဲမှာ အခွင့်အရေးကောင်းတွေမဖန်တီးနိုင်ခဲ့ဘဲ ဒုတိယပိုင်းမှာ ကာဗာနီအပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့တာဖြစ်ပါတယ်။အဆိုပါရလဒ်ကြောင့် စီးတီးအသင်းက ၃ မှတ်အကွာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး လက်ထဲမှာလည်း တစ်ပွဲအပိုရှိနေပါတယ်။ဖာနန်ဒက်စ်ဟာ အာဆင်နယ်နဲ့ပွဲမှာ ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပေါ်တူဂီသားဟာ နိုဝင်ဘာလတုန်းက အိမ်ကွင်းမှာ အာဆင်နယ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲတုန်းကလည်း ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ပေါလ်စခိုးလ်ကတော့ ဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်ဟာ ထိပ်တန်းအသင်းကြီးနဲ့တွေ့ရင် ကျတတ်တယ်လို့ ယုံကြည်နေပါတယ်။“မန်စီးတီး နဲ့ လီဗာပူးတို့ကို ကျော်ချင်ရင် ဒီလိုပွဲတွေမှာ အနိုင်ကန်ဖို့ လိုအပ်ပါတယ်။ ရှက်ဖီးလ်ကိုလည်း အရေးနိမ့်ခဲ့သလို အခုလည်းသရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပြန်ပါပြီ။ ဖာနန်ဒက်စ်ရဲ့ဒီနေ့ပွဲစွမ်းဆောင်ရည်က တော်တော်ဆိုးပါတယ်။ သူ့မှာဂိုးသွင်းတဲ့ခြေစွမ်းကော ဂိုးဖန်တီးနိုင်တဲ့ခြေစွမ်းပါရှိပါတယ်။ ဒါပေမဲ့ အသင်းကြီးတွေနဲ့တွေ့ခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာတော့ သွင်းဂိုးကော ဂိုးဖန်တီးမှုပါ မမြင်ခဲ့ရပါဘူး။ အဲ့တာကို စိုးရိမ်မိပါတယ်။ဆိုးလ်ရှားအနေနဲ့ ဖာနန်ဒက်စ်အခြေအနေကို ဂရုတစိုက်ကိုင်တွယ်သင့်ပါပြီ”လို့ ပေါလ်စခိုးလ်က ပြောကြားခဲ့ပါတယ်။ #brunofernandes #paulscholes #Creditလေးစားစွာဖြင့်

Share: