#ရှောလ်ကေး အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ #မူစတာဖီ

အာဆင်နယ်အသင်းကတော့ နောက်ခံလူ မူစတာဖီကို ရှော်လ်ကေးအသင်းထံရောင်းချလိုက်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာက ဇန်နဝါရီအပြောင်းအရွှေ့မပိတ်ခင်မှာ အသင်းလူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။အိုဇေးလ်ကို ဖီနာဘာချီအသင်းထံရောင်းချနိုင်ခဲ့တာကြောင့် အသင်းရဲ့လစာပေးချေမှုက လျော့ကျသွားခဲ့တာဖြစ်ပါတယ်။ဆိုကရေးတစ်က အာဆင်နယ်နဲ့စာချုပ်ဖျက်သိမ်းပြီးနောက် အိုလံပီယာကို့စ်ကိုပြောင်းရွှေ့ခဲ့သလို ဆာလီဘာ ၊ ကိုလာစီနက်စ် ၊ စမစ် ၊ မတ်မေဆီတို့ကလည်း အသင်းကနေ ထွက်ခွာခဲ့ကြပါတယ်။မူစတာဖီကို ယခင်က လီဗာပူးအသင်းက ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းဟာ ဂိုမက်ဇ် ၊ ဗန်ဒိုက် ၊ ဖာဘင်ဟို နဲ့ မာတစ်တို့ဒဏ်ရာရရှိနေတာကြောင့် နောက်တန်းအားဖြည့်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ အဆုံးသတ်မှာတော့ ရှော်လ်ကေးက ကာဘက်နေရာမှာ မူစတာဖီနဲ့ အစားထိုးခဲ့ပါတယ်။ “ကျွန်တော်တို့ ဘယ်သူပဲထွက်ထွက် ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ရမှာပါ။ ကစားသမားတစ်ဦးချင်းစီရဲ့အကြောင်းကိုတော့ မပြောနိုင်ပါဘူး”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။အာတီတာကလည်း မူစတာဖီရဲ့ခြေစွမ်းကို ချီးကျူးပြောကြားခဲ့ပြီး အသင်းအတွက်အကောင်းဆုံးပေးဆပ်ကစားပေးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်ကတော့ အသင်းကနေ မူစတာဖီထွက်ခွာသွားလို့ ပျော်ရွှင်နေပါတယ်။ ရှော်လ်ကေးအသင်းဟာ တန်းဆင်းဇုန်ထဲမှာရုန်းကန်နေရပေမယ့် မူစတာဖီတစ်ယောက်အသင်းမှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ရှော်လ်ကေးဟာ ဒီရာသီမှာ ၁ ပွဲသာအနိုင်ရရှိထားခဲ့ပြီး တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ အမှတ်တွေလိုအပ်နေတာဖြစ်ပါတယ်။ဒါ့အပြင် ရှော်လ်ကေးဟာ အေဂျက်စ်အသင်းထံကနေ တိုက်စစ်မှူးဟောင်း ဟန်တယ်လာကိုလည်း ပြန်လည်ခေါ်ယူထားခဲ့ပါတယ်။ #mustafi #schalke #arsenal #Creditလေးစားစွာဖြင့်

Share: