#ခါဘတ်ကို အပြီးသတ်ခေါ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း #လီဗာပူးကြေညာ

 လီဗာပူးအသင်းဟာ ရှော်လ်ကေး ခံစစ်မှူး အော့ဇန် ခါဘတ်ကို အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ ၆လ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အသက်၂၀အရွယ် ကစားသမားဟာ ဂျာမနီမှာ ဆေးစစ်မှု ခံယူခဲ့ပြီးနောက် လာမယ့်နာရီပိုင်းအတွင်း မာဆေးဆိုက်ကို ရောက်လာဖို့ ရှိနေပါတယ်။ရှော်လ်ကေးအသင်းဟာ ကနဦးအငှားစာချုပ်အတွက် ပေါင် ၁သန်း၊ ပွဲထွက်ခွင့်အပေါ် မူတည်တဲ့ အပိုဆုကြေးနဲ့ဆိုရင် ပေါင် ၁.၅သန်းထိ ရှိနိုင်ပြီး ရာသီကုန်ရင်တော့ ကနဦး ပေါင် ၁၈သန်းနဲ့ ခေါ်ယူခွင့် ရှိနေကာ အပိုဆုကြေးတွေပါ ပါဝင်ရင်တော့ ပေါင် ၂၆.၅သန်းထိ ရှိနိုင်ပါတယ်။ခါဘတ်ရဲ့ သတင်းဟာ လီဗာပူးနောက်ခံလူ မာတစ် ခြေကျင်းဝတ် အရွတ်ကြော ဒဏ်ရာကြောင့် ရာသီကုန်ထိ နားရမယ်ဆိုပြီး သတင်းထွက်လာခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့တာပါ။ ခါဘတ်ဟာ ပြီးခဲ့တဲ့ နွေရာသီက လီဗာပူးအသင်းရဲ့ ရေဒါထဲမှာ ရှိနေပြီး လူသစ်စုဆောင်းရေးအဖွဲ့ရဲ့ ကာလရှည်ပစ်မှတ် ၁ဦးလည်း ဖြစ်ပါတယ်။ခါဘတ်ဟာ ကစားသမားကောင်း၁ဦး ဖြစ်တယ်ဆိုတာကို ရှော်လ်ကေးနည်းပြဟောင်း ဒေးဗစ် ဝက်ဂ်နာနဲ့ အားကစားဒါရိုက်တာဟောင်း ဟီဒယ်တို့က အထူးထောက်ခံထားခဲ့ကြပါတယ်။ ကလော့ပ်က “ဒေးဗစ်က သူ့အကြောင်း အကောင်းတွေချည်းပဲ ပြောတာပါ။ သူက ဂျာမနီကို အသက်ငယ်ငယ်လေးနဲ့ ရောက်လာပြီး အားလုံးက သူ့မှာ အရည်အချင်းတွေ အများကြီး ရှိတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ သူက အသက်၂၀ပဲ ရှိသေးပါတယ်။ သူ ရှော်လ်ကေးမှာ ကစားခဲ့ပြီး ကံမကောင်းစွာပဲ သူတို့က လက်ရှိ အမှတ်ပေးဇယားရဲ့ ကောင်းမွန်တဲ့ နေရာမှာ ရှိမနေခဲ့ပါဘူး”“သူ့အတွက်တော့ ဒီလို ပြောင်းရွှေ့တာက ကောင်းတယ်လို့ထင်ပြီး သူ့လို ကစားသမားမျိုးက တည်ငြိမ်တဲ့ အသင်းနားမှာ ရှိဖို့ လိုပါတယ်။ ကျွန်တော်တို့က တည်ငြိမ်တဲ့အသင်းအဖြစ် ဖန်တီးပေးနိုင်ပြီး ကိုယ့်နေရာမှာ ကိုယ်ကစားရင် အသက်၂၀အရွယ်နဲ့ အားလုံးကြုံတွေ့ရမှာ ဖြစ်ပြီး အမှားတွေ ထပ်လုပ်ခွင့်ရှိမှာ မဟုတ်ပါဘူး။ သူက တကယ့်ကို အရည်အချင်းတွေ အများကြီးနဲ့ ကစားသမား ၁ဦးဖြစ်ပြီး သူနဲ့ အလုပ်လုပ်ဖို့ မစောင့်နိုင်တော့ပါဘူး”လို့ ဆိုခဲ့ပါတယ်။လီဗာပူးအသင်းဟာ ပရက်စတန် နောက်ခံလူ ဘန ဒေးဗီးစ်ကိုလည်း ပေါင် ၁.၆သန်းနဲ့ အပြောင်းအရွှေ့ မပိတ်ခင် ခေါ်ယူခဲ့ပါသေးတယ်။ လူငယ်နောက်ခံလူ ဗန်ဒန်ဘက်ခ်ျကိုတော့ ပရက်စတန်ထံ ရာသီကုန်ထိ အငှားပြန်ချပေးခဲ့ပါတယ်။ #ozankabak #liverpool #Creditလေးစားစွာဖြင့်

Share: