အားကိုးတကြီးခေါ်ခဲ့ပေမယ့် ခြေစွမ်းမပြနိုင်လို့ အန်ဖီးလ်ကထွက်ခဲ့ရတဲ့ ဂျပန်ကြယ်ပွင့်

 လီဗာပူးလ်အသင်းကွင်းလယ်လူမီနာမီနိုဟာ ဆောက်သမ်တန်ကို ရာသီကုန်အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရပါတယ်။ ဆဲလ်ဘတ်ကနေ အန်ဖီးလ်ကို ရောက်ရှိလာခဲ့ပြီးနောက် ပုံမှန်ခြေစွမ်းမပြသနိုင်ခဲ့တဲ့ ဂျပန်ကွင်းလယ်တိုက်စစ်ကစားသမားဟာ လက်ကျန်ဘောလုံးရာသီကို ဆောက်သမ်တန်နဲ့အတူ ဖြတ်သန်းရတော့မှာပဲဖြစ်ပါတယ်။လီဗာပူးလ်အနေနဲ့ ကွင်းလယ်ပိုင်းမှာ ကစားသမားတွေလုံလောက်နေပြီး ခံစစ်ပိုင်းပြသနာတွေရှိနေတာကြောင့် ခံစစ်ကစားသမားနှစ်ဦးအထိ ခေါ်ယူခဲ့ကာ မီနာမီနိုကို အငှားချခဲ့တာဖြစ်ပါတယ်။ ဘင်ဒေးဗီးစ် နဲ့ အိုဇန်ကာဘက်တို့ကို ပရက်စတန်၊ ရှော်လ်ကေးတို့ကနေ ခေါ်ယူထားခဲ့ပြီး ကာဘက်ကိုတော့ ရာသီကုန်မှာ ယူရိုသန်း ၃၀ နဲ့ အပြီးသတ်ဝယ်ယူခွင့်သဘောတူညီချက် ပါဝင်ခဲ့ပါတယ်။ဈေးကွက်ပိတ်သိမ်းခါနီးမှာ ဆောက်သမ်တန်က မီနာမီနိုကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး နည်းပြဟာဆန်ဟူတယ်ကတော့ “ရာသီကုန်ထိ ကျွန်တော့်လူစာရင်းမှာ မီနာမီနိုရှိနေမှာဖြစ်လို့ ကျေနပ်မိပါတယ်၊ သူက အသင်းကို ကောင်းမွန်တဲ့ တိုက်စစ်တစ်ခုဖြစ်လာအောင် ပူးပေါင်းပေးနိုင်မှာဖြစ်ပြီး ကျွန်တော်တို့အတွက် လိုအပ်တဲ့ကစားသမားဆိုတာ အမှန်ပါပဲ”“ဒီလိုအချိန်မှာ လူစာရင်းကို တောင့်တင်းအောင် ကျွန်တော်တို့လုပ်နိုင်ခဲ့တာဖြစ်ပြီး သူနဲ့အတူ လေ့ကျင့်ကွင်းမှာ အတူအလုပ်လုပ်ဖို့ ကျွန်တော်ဆန္ဒပြင်းပြနေပါပြီ” လို့ ပြောဆိုသွားခဲ့ပါတယ်။ မီနာမီနိုကတော့ ဆဲလ်ဘတ်မှာ ပြသခဲ့တဲ့ခြေစွမ်းမျိုးကို ဆောက်သမ်တန်မှာ ပြန်လည်ရရှိလာမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ #minamino #southampton #liverpool #Creditလေးစားစွာဖြင့်

Share: