#ပီအက်စ်ဂျီမှာ ဆက်ရှိမယ့်အကြောင်း ပြောဆိုလိုက်တဲ့ #နေမာ

ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့် နေမာကတော့ သူ့အနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့ နောက်ထပ် စာချုပ်သစ်ကို ချုပ်ဆိုပြီး ပြင်သစ်မှာပဲ ဆက်ရှိချင်တဲ့ အကြောင်းကို အရိပ်အမြွက်ပြောဆိုသွားခဲ့သလို သူ့ရဲ့ အသင်းဖော် အမ်ဘတ်ပီအနေနဲ့လည်း အသင်းမှာပဲ ဆက်ရှိလိမ့်မယ်လို့ ယုံကြည်ထားကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်နေမာအနေနဲ့ ၂၀၁၇ မှာ ယူရို ၂၂၂ သန်းနဲ့ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းထံရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီအပြောင်းအရွေ့ဟာ ဘောလုံးသမိုင်းတစ်လျှောက် တန်ကြေးအကြီးမားဆုံးစာချုပ်တစ်ခုဖြစ်လာခဲံတာဖြစ်ပါတယ်။ဒါပေမယ့် နေမာအနေနဲ့ မကြာခနဆိုသလို စပိန်ကို ပြန်တော့မယ်လို့ သတင်းတွေထွက်ခဲ့ပြီး ဘာစီလိုနာ နဲ့ ရီးရဲလ်တစ်သင်းသင်းထံရောက်ရှိနိုင်ချေရှိတယ်ဆိုတဲ့ သတင်းတွေဟာလည်း အပြောင်းအရွေ့ ရာသီရောက်တိုင်း ပေါ်ထွက်နေခဲ့ကာ ဒါပေမယ့်လည်း လက်ရှိမှာတော့ ကလပ်အသင်းတွေအနေနဲ့ ကိုဗစ်ကြောင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာလို့ ဒီအပြောင်းအရွေ့နဲ့ပတ်သက်တဲ့ သတင်းတွေကတော့ ဆက်လက်ထွက်ပေါ်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ အနာဂါတ်နဲ့ပတ်သက်ပြီး နေမာက "ကျွန်တော် ဒီမှာပျော်ရွှင်နေပါတယ်၊ ဒီမှာ အရာအများကြီးပြောင်းလဲသွားပေမယ့် ဘာတွေပြောင်းလဲသွားသလည်းတော့ တိတိကျကျ မသိပါဘူး၊ ကျွန်တော်ကပဲ ပြောင်းလဲလာသလာ အခြားအရာတွေကပြောင်းလဲသွားသလား မသိပါဘူး၊ ဒါပေမယ့် အခု အချိန်မှာတော့ ကျွန်တော်ပျော်နေပြီး ဒီမှာ ပိုမို အသားကျလာတယ်လို့ ခံစားနေရပါတယ်၊ ကျွန်တော် အဲအတွက် ပီအက်စ်ဂျီမှာပဲ ဆက်ရှိချင်နေပြီး ကျွန်တော့်သူငယ်ချင်း အမ်ဘတ်ပီလည်း ကျွန်တော့်လိုပဲ ဖြစ်မှာပါ၊ ကျွန်တော့်အထင် ဒါဟာ အသင်းပရိသတ်တွေအားလုံး ဆုတောင်းနေတဲ့ အရာဖြစ်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်" လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ #neymar #psg #Creditလေးစားစွာဖြင့်

Share: