အင်တာမီလန် နှင့် ဂျူဗင်တပ်စ် (ည ၂:၁၅) ပွဲကြိုသုံးသပ်ချက်

ဆန်စီရိုမှာဆန်စီရိုမှာ ပူပူနွေးနွေးအလဲထိုးထားတဲ့ အင်တာတို့ ဒီတစ်ကြိမ်တော့ အနိုင်ရဖို့လွယ်ကူမှာမဟုတ်ပါဘဲ ကိုပါအီတလီယာဖလားကို ဒီရာသီအဓိကပြစ်မှတ်ထားနေတဲ့ အိုးလေဒီတို့ကြောင့် ပထမအကျော့မှာရလဒ်ကောင်းဖို့ဘဲ အာရုံစိုက်ရမှာပါ။ထိပ်တိုက်တွေ့ဆုံမှုတွေကြည့်ရင် အင်တာတို့ဂျူဗင်ကို ယှဉ်နိုင်စွမ်းမရှိဘဲ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ သုံးကြိမ်သာနိုင်ထားတာက ယုံကြည်လို့သိပ်မကောင်းပါဘူး။လက်ရှိအနေအထားအရအင်တာအတွက် သရေသာရမယ့်အနေအထားမျိုးဖြစ်နေပြီး မိနစ်ကိုးဆယ်အတွင်းအရှုံးအနိုင်ပေါ်ဖို့မရှိလို့ ပီယာလိုရဲ့ အိုးလေဒီတွေကိုပဲရွေးချယ်ချင်တယ်။

Share: