#စိန့်ကို (၉)ဂိုးသွင်းပြီး EPl ဂိုးအပြတ်ဆုံးနိုင်ပွဲစံချိန်ကို လိုက်မှီခဲ့တဲ့ #ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆောက်သမ်တန် အသင်းကို (၉)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။ဒီပွဲစဉ်ရဲ့ပွဲအစ(၂)မိနစ်မှာထဲက တိုမီနေး ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့ ဂျန်ကီဝစ်ဇ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရတာက ဆောက်သမ်တန် အသင်းကို ဂိုးပြတ်ရှုံးနိမ့်စေခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ပွဲချိန်(၈၆)မိနစ်မှာ မာရှယ် ကို ဂိုးဧရိယာထဲမှာ ဟန့်တားခဲ့တဲ့ ဘန်နာရက်ခ်လည်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။မန်ချက်စတာယူနိုက်တက် အတွက် ဂိုးတွေကို ဝမ်ဘစ်စကာ၊ ကာဗာနီ၊ ရက်ရှ်ဖိုဒ့်၊ တိုမီနေး၊ ဒန်နီရယ်လ်ဂျိမ်းစ်၊ဘရူနိုဖာနန်ဒက်စ်၊မာရှယ် က (၂)ဂိုးနဲ့ စိန့်နောက်ခံလူ ဘန်နာရက်ခ် က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနိုင်ပွဲကြောင့် (၁၉၉၅) က အစစ်ဝှစ်ခ်ျ ကို (၉)ဂိုးပြတ်နဲ့ ကလပ်အသင်းရဲ့ဂိုးအပြတ်ဆုံးနိုင်ပွဲစံချိန်ကို လိုက်မှီခဲ့သလို လက်စတာ အသင်းက စိန့်ကို (၉)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် စံချိန်နဲ့လည်း တူညီသွားခဲ့တာဖြစ်ပါတယ်။ဆိုးလ်ရှားရဲ့အသင်းဟာ ဒီပွဲအပါအဝင် ဒီရာသီမှာ (၆)ဂိုးနဲ့ အထက် ဂိုးသွင်းယူနိုင်တဲ့ ပွဲ(၂)ပွဲရှိလာခဲ့ပြီဖြစ်ပါတယ်။ပထမပွဲကတော့ လိဒ်စ်ယူနိုက်တက်ကို (၆)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ဒါဟာ (၂၀၀၀-၀၁) နောက်ပိုင်း ပရီးမီးယားလိဂ်မှာ (၆)ဂိုးနဲ့အထက် ပွဲစဉ်(၂)ပွဲ ဂိုးသွင်းယူနိုင်တာ ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးက မန်စီးတီး အသင်းနဲ့ ရမှတ်တူ ပွဲအသာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ #manutd #southampton #Creditလေးစားစွာဖြင့်

Share: