နှစ်ပေါင်း(၄၀) ကျော်အတွင်း #အာဆင်နယ် ကို (၂)ပွဲဆက်အနိုင်ရပြီး စံချိန်တင်ချင်နေတဲ့ #ဝုလ်ဗ်

 ဝုလ်ဗ်ဗာဟမ်တန် အသင်းဟာ (၁၉၇၈-၇၉) နောက်ပိုင်း ပထမဆုံးအကြိမ် အာဆင်နယ် အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂)ပွဲဆက် အနိုင်ရယူဖို့ မျှော်လင့်နေတယ်လို့ စပေါ့မိုးလ် သတင်းက ဖော်ပြလိုက်ပါတယ်။ဝုလ်ဗ်ဗာဟမ်တန် အသင်းဟာ နိုဝင်ဘာလက အီးမရိတ်စ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် အသင်းကို နီတို၊ ပိုဒန့်စ် တို့ရဲ့သွင်းဂိုးတွေကြောင့် (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။မနက်ဖြန်မနက်ပိုင်းမှာ တွေ့ဆုံရမယ့် ပွဲစဉ်ဟာ ထိပ်တန်းအဆင့် ပြိုင်ပွဲမှာ သူတို့(၂)သင်း တွေ့ဆုံမယ့် အကြိမ်(၁၀၀)မြောက် ပွဲစဉ်လည်းဖြစ်ပါတယ်။အရင် (၉၉)ကြိမ်တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ် အသင်းက (၄၅)ကြိမ်အနိုင်ရခဲ့ပြီး၊ ဝုလ်‌ဗ်က (၂၇)ကြိမ်အနိုင်ရကာ (၂၇)ကြိမ်ကတော့ သရေနဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ဝုလ်ဗ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးရွားနေတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၈)ပွဲလုံး နိုင်ပွဲပျောက်ဆုံးနေတာဖြစ်ပါတယ်။အဲဒါကြောင့် အသင်းဟာ အမှတ်ပေးဇယား အဆင့်(၁၄)နေရာထိ ရောက်ရှိနေခဲ့တာပါ။အာဆင်နယ် အသင်းကတော့ ဝုလ်ဗ် အသင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၆)ပွဲလုံး ရှုံးပွဲမရှိခဲ့ပဲ (၄)ပွဲအနိုင်ရကာ (၂)ပွဲသရေကျခဲ့တာပါ။အာဆင်နယ် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာလည်းဖြစ်ပါတယ်။ဝုလ်ဗ် အသင်းဟာ ဒီပွဲအနိုင်ရခဲ့မယ်ဆိုရင် တန်းဆင်းဇုန် အထက်က အသင်းနဲ့ (၁၂)မှတ်ကွာဟ သွားမှာလည်းဖြစ်ပါတယ်။အာဆင်နယ် အသင်းကတော့ အနိုင်ရခဲ့ရင် ထိပ်တန်း (၆)သင်းနေရာကို ရောက်ရှိလာမှာဖြစ်ပါတယ်။ #wolves #arsenal #Creditလေးစားစွာဖြင့်

Share: