၃၆ နှစ်ပြည့်မယ့်ရက်ကို သွင်းဂိုးတွေနဲ့ ကြိုဆိုလိုက်တဲ့ #ရော်နယ်ဒို

မနေ့ညက ကစားခဲ့တဲ့ ကိုပါအီတာလီယာပွဲစဉ်မှာ ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုက အသင်းအတွက် နှစ်ဂိုးသွင်းယူပေးကာ အင်တာမီလန်ကို ၁-၂ နဲ့ အနိုင်ရရှိစေခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပါတယ်။ အဝေးကွင်းမှာ အနိုင်ရရှိခဲ့တာဖြစ်လို့လည်း ဂျူဗင်တပ်စ်က သိသိသာသာအသာစီးရရှိခဲ့ကာ ဒီအတွက် ရော်နယ်ဒိုက သူရဲကောင်းဖြစ်ခဲ့ပါတယ်။မကြာခင်မှာ အသက် ၃၆ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုဟာ ဒီရာသီမှာလည်း အသင်းအတွက် ခြေစွမ်းပြနေတာဖြစ်ပါတယ်။ စီးရီးအေသွင်းဂိုး ၁၅ ဂိုးအထိ ရရှိထားသလို ချန်ပီယံလိဂ်မှာလည်း ၄ ဂိုးသွင်းယူထားခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ ကိုပါအီတာလီယာဖလားပြိုင်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဒီရာသီမှာ သူ ပါဝင်ကစားထားတဲ့ ပြိုင်ပွဲအားလုံးမှာ ဂိုးသွင်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အင်တာမီလန်အတွက် မာတီနက်ဇ်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပေမယ့် ပင်နယ်တီကတဆင့် ရော်နယ်ဒိုက ပြန်လည်ချေပပေးခဲ့ပါတယ်။ အနိုင်ဂိုးကိုလည်း ပထမပိုင်းမှာပဲ အင်တာမီလန်နောက်ခံလူနဲ့ ဂိုးသမားတို့ နားလည်မှုလွဲမှားမှုကနေ ရော်နယ်ဒိုက အခွင့်ကောင်းရယူနိုင်ခဲ့ကာ ဟန်ဒါနိုဗစ်မရှိတော့တဲ့ ဂိုးပေါက်ထဲကို ဘယ်ခြေနဲ့ အသာအယာပိတ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။အီတလီစူပါဖလားကို ဆွတ်ခူးထားတဲ့ ဂျူဗီအနေနဲ့ ကိုပါအီတာလီယာဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ တော်တော်လေးအခြေအနေကောင်းသွားခဲ့တာဖြစ်ပါတယ်။ နောက် ၂ရက်ဆိုရင် အသက် ၃၆ နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုကတော့ လက်ရှိအချိန်ထိ သွင်းဂိုးတွေနဲ့ ပျော်ပါးနေဆဲဖြစ်ကာ အသက်အရွယ်က သူ့ခြေစွမ်းကို ဘယ်လိုမှမထိခိုက်ဘူးဆိုတာကို သက်သေပြနေခဲ့ပါတယ်။ #ronaldo #intermilan #juventus #Creditလေးစားစွာဖြင့်

Share: