#အက်သလက်တီကိုမက်ဒရစ်အစား #ဂျူဗင်တပ်စ်သို့ #ဆွာရက်ဇ်ပြောင်းရွေ့တာက #ဘာစီလိုနာ အတွက် ပိုကောင်းပါတယ်လို့ ဆိုလိုက်တဲ့ #ကိုးမန်း

အက်သလက်တီကိုမက်ဒရစ်အား ဂျူဗင်တပ်စ်သို့ ဆွာရက်ဇ်ပြောင်းရွေ့သွားတာက ဘာစီလိုနာအတွက် ပိုကောင်းပါတယ်လို့ ကိုးမန်းက ဝန်ခံပြောကြားလိုက်ပါတယ်။ နူးကမ့်မှာရှိခဲ့တဲ့ ၆နှစ်တာကာလအတွင်း ဆွာရက်ဇ်ဟာ အောင်မြင်မှု ကြီးကြီးမားမားရရှိခဲ့တာဖြစ်ပြီး နွေရာသီ အပြောင်းအရွေ့ကာလမှာ တိုက်စစ်မှုးဟာ အက်သလက်တီကိုမက်ဒရစ်သို့ ယူရို ၆ သန်းဖြင့် ပြောင်းရွေ့သွားခဲ့ တာဖြစ်ပါတယ်။ဘာစီလိုနာနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတုန်းက ကိုးမန်းဟာ ဆွာရက်ဇ်ကို အပိုကစားသမားတစ်ဦးဖြစ် တယ်လို့ထင်ခဲ့တာဖြစ်ပြီး သူ့ကိုခေါ်ယူခဲ့တဲ့အတွက်ကြောင့်ပဲ အက်သလက်တီကိုမက်ဒရစ်ဟာ ဂျူဗင်တပ်စ် နှင့်ပွဲမတိုင်မှာ ချန်ပီယံလမ်းကြောင်းပေါ်မှာရှိနေပြီဖြစ်ပါတယ်။ဆွာရက်ဇ်ဟာ ဂျူဗင်တပ်စ်နှင့်ကြီးမားတဲ့ ဆက်သွယ်မှုရှိခဲ့တာဖြစ်သော်လည်း မပြောင်းရွေ့ဖြစ်ခဲ့တာဖြစ်ပါ တယ်။ ဒါကြောင့် အက်သလက်တီကိုမက်ဒရစ်ဟာ အသက် ၃၄နှစ်အရွယ် ကစားသမားကို ၂နှစ်စာချုပ်ချုပ်ကာ ခေါ်ယူခဲ့ပါတယ်။ ဘာစီလိုနာ ကစားသမားဟောင်းဟာ ဆီမြွန်နီရဲ့အသင်းအတွက် လာလီဂါမှာ ၁၆ပွဲကစားထားပြီး ၁၄ ဂိုးသွင်း ယူပေးထားကာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးကနေ ၁၀ မှတ်ဖြတ်ထားကာ ဦးဆောင်ထားနိုင်အောင် ကူညီပေး ထားတာဖြစ်ပါတယ်။သူ့ကိုရောင်းချတုန်းက ဘာစီလိုနာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တယ်လို့ ကိုးမန်းက ထင်နေခဲ့သော်လည်း စပိန်ပြိုင်ဘက်အသင်းသို့ ဆွာရက်ဇ်အား ရောင်းချလိုက်တာက မကောင်းပါဘူးလို့ ဝန်ခံလိုက်တာဖြစ်ပါတယ်။တိုက်စစ်မှုးရဲ့ မက်ဒရစ်အခြေစိုက်ကလပ်သို့ ပြောင်းရွေ့သွားမှုနှင့် ပတ်သက်ပြီး ကိုးမန်းက “ဒါက အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်ကလည်း ဘာစီလိုနာကို နည်းပြအဖြစ်ရောက်လာတယ်၊ ကျွန်တော့်မှာ ကလည်း ရွေးချယ်စရာကစားသမားတွေရှိတယ်။ ပြီးတော့ ကလပ်ကိုအသိပေးခဲ့ပြီး နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ချခဲ့တာပါ”“နောက်ပိုင်းအဆင်ပြေတယ်ဆိုရင် ဒီလိုဆုံးဖြတ်ချက်မျိုးကို ချရမှာပါ။ အဆင်မပြေတော့ဘူးဆိုရင်တော့ ကျွန်တော့်ရဲ့နည်းစနစ်တွေ လိုအပ်လာပြီး ဒါကအရေးကြီးဆုံးပါပဲ။ ကျွန်တော်တို့က ပြောင်းလဲရမှာပါ။ သူက စပိန်မှာရှိနေတုန်းဖြစ်တဲ့အတွက် အက်သလက်တီကိုမက်ဒရစ်သို့ မရောင်းချဘဲ ဂျူဗင်တပ်စ်သို့ရောင်းလိုက် တာက ပိုကောင်းပါတယ်”“ဒီလိုဆုံးဖြတ်ချက်မျိုးချဖို့ဆိုတာက ကစားသမားအပေါ်လည်း လေးစားရတာဖြစ်တဲ့အတွက် ဆုံးဖြတ်ရာမှာ ခက်ခဲပါတယ်၊ အရမ်းကို အရေးကြီးတယ်လို့လည်း ထင်ပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့လုပ်ခဲ့တာ ကိုတော့ သဘောတူပါတယ်” လို့ ကိုးမန်းက ပြောပါတယ်။အက်သလက်တစ်ကလပ်ကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့အတွက်ကြောင့် ဘာစီလိုနာဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာသို့ရောက်ရှိသွားတာဖြစ်ပြီး ပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်ထက် ၁ပွဲ ကစားထားတာ ဖြစ်ပါတယ်။ ကိုးမန်းရဲ့အသင်းဟာ ချန်ပီယံလိဂ်နှင့် ကိုပါဒဲရေးပြိုင်ပွဲမှာ ရှိနေတုန်းဖြစ်ပြီး လာမည့်မေလမှာ နူးကမ့်သို့ ဆုဖလားတစ်လုံးမှ မရယူနိုင်ခဲ့ရင်လည်း နည်းပြက လက်ရှိရာသီဟာ ဆုံးရှုံးမှုရှိတယ်လို့ မတွေးထားတာဖြစ်ပါတယ်။“ဆုဖလားတစ်ခုခုရရှိဖို့ လိုတယ်လို့ ဘယ်သူကမှ ကျွန်တော့်ကိုပြောမှာမဟုတ်ပါဘူး။ ကလပ်ရှိလူတိုင်းက အသင်းဟာ အကူးအပြောင်းကာလမှာရှိနေတယ်ဆိုတာကို သိကြပါတယ်။ ဆုဖလားတွေရရှိဖို့ ကျွန်တော်တို့က ပြိုင်ဆိုင်ချင်သလို၊ ချန်ပီယံလိဂ်ဆုဖလားကို ကျွန်တော်တို့ရရှိဖို့ သူတို့ကလည်း မမျှော်လင့်နိုင်ပါဘူး”“ကျွန်တော်တို့က ပီအက်စ်ဂျီကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ ရောက်ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်မှာ ကလပ်တွေက ကောင်းမွန်ကြပြီး သူတို့တွေက ဘာစီလိုနာထက် ပိုပြီး ဆုဖလားရရှိဖို့ ရေးပန်းစားနေတာပါ။ ဒါပေမဲ့ ဘာစီလိုနာက ပြန်လာမှာပါ၊ ကိစ္စမရှိပါဘူး” လို့ ကိုးမန်းက ပြောပါတယ်။ #suarez #koeman #atleticomadrid #juventus #Creditလေးစားစွာဖြင့်

Share: