လိဒ် နှင့် အဲဗာတန် (ည ၂:၀၀)ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ်နဲ့ လက်စတာကို ဆက်တိုက်အနိုင်ယူပြီး ရလဒ်ဆိုးတွေကြားထဲကနေ လိဒ် ခေါင်းထောင်ထလာခဲ့ပါပြီ။ဟာရီဆန်၊ ဘမ်းဖို့ဒ်တို့ခြေစွမ်းပြမှုနဲ့အတူ လိဒ်တိုက်စစ်က ထက်မြက်လွန်းနေပြီး ကွင်းလယ်နဲ့ ခံစစ်ကြောင်းကလည်း သိသိသာသာ တိုးတက်လာပါတယ်။ အဲဗာတန်ကတော့ ခံစစ်ယိုယွင်းမှုနဲ့အတူ ခြေစွမ်းတဖြည်းဖြည်းချင်းယိမ်းယိုင်လာပြီး နောက်ဆုံးပွဲမှာဆိုရင် နယူးကာဆယ်ကိုတောင် အရေးနိမ့်ထားခဲ့တဲ့အသင်းပါ။လတ်တလောတွေ့ထားတဲ့ နောက်ဆုံး ၄ပွဲဆက်တိုက်လည်း လိဒ်မရှုံးဘဲ နိုင်ပွဲကလည်း ၃ပွဲအထိတောင် ရရှိထားခဲ့ပါတယ်။ဒီပွဲမှာ လိဒ်က သရေကျရင် ၂၅လောက် နစ်နာရမယ်ဆိုပြီး အကျောပေးထားတယ်။ပိုင်လှပြီဆိုပြီး အဲဗာတန်ကို သွားမယုံစားလိုက်ပါနဲ့။ အနိုင်ရမယ့် လိဒ်ကိုပဲ လက်တွဲရမယ်။

Share: