#Photo_News ခရိုတိုနီနှင့်ပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သည့် အေစီမီလန်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ကစားသမားဘ၀ ပြိုင်ပွဲစုံကလပ်အသင်းသွင်းဂိုး (၅၀၀)ပြည့်မြောက်ခဲ့ပြီး (၅၀၁)ဂိုးအထိ ရှိလာခဲ့သည်။ အီဘရာဟီမိုဗစ်အနေဖြင့် အမှတ်ပေးပွဲသွင်းဂိုး (၃၉၆)ဂိုး၊ ဥရောပပြိုင်ပွဲသွင်းဂိုး (၅၇)ဂိုး၊ ဖလားပွဲသွင်းဂိုး (၄၈)ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ အေစီမီလန်အသင်းအတွက် သွင်းဂိုးပေါင်းမှာ (၈၂)ဂိုးရှိလာပြီး ဂိုးအများဆုံးသွင်းယူပေးခဲ့သည့်အသင်းမှာ PSG(၁၅၆ ဂိုး)အသင်းဖြစ်သည်။ Photo : AFP

Share: