ဖေဖော်ဝါရီ ၉ ရက် နံနက်ခင်း သတင်းအစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက် ထုတ်လွှင့်မှု) ■ တစ်နိုင်ငံလုံးရှိ မြို့ကြီးများနှင့် ဒေသအနှံ့တွင် သန်းနှင့်ချီသော ဆန္ဒပြသူများက တတိယနေ့အဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြ ■ လူငါးဦးထက် ပိုမိုစုဝေးခြင်း မပြုရန်နှင့် ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရန် ဒေသန္တရအမိန့်များ ထုတ်ပြန် ■ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်တစ်ဦးပါရန် သဘောတူညီခဲ့ခြင်းသည် ပါတီ CEC အားလုံး၏ သဘောထား မဟုတ်ဘဲ အများစု၏ သဘောထားသာ ဖြစ်ဟုဆို ■ အိန္ဒိယတွင် ရေခဲမြစ် ပဲ့ထွက်ပြိုဆင်းမှု ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ပြီး လူ တစ်ရာကျော် ပျောက်ဆုံးနေ ■ သြစတြေးလျ သတင်းထောက်တစ်ဦး တရုတ်တွင် သူလျှိုလုပ်မှုစွဲချက် ရင်ဆိုင်နေရ ■ DR ကွန်ဂိုအရှေ ့ပိုင်းတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်အသစ် တွေ့ရှိ ■ ဗာနာအတွက် သွင်းဂိုးများ မကြာမီရောက်ရှိလာတော့မည်ဟု တူဟယ်လ် အားပေး

https://www.facebook.com/elevenbroadcasting/videos/819324158652303

Share: