ပရီးမီးယားလိဂ်အသင်းကြီးများရဲ့ အိပ်မက်ကစားသမား (သို့မဟုတ်) ဟော်လန်း တချို့အသင်းတွေက သူတို့အသင်းရဲ့ ကမ္ဘာကျော်တိုက်စစ်မှူးတွေ ကို ဆုံးရှုံးရမှာမို့၊ တချို့အသင်းတွေကတော့ သူ တို့အသင်းရဲ့အားနည်းနေတဲ့ တိုက်စစ်ကိုအား ဖြည့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တိုက်စစ်မှူး သစ်ရှာကြမယ့်အထဲမှာ ဟော်လန်းက နာမည် အထွက်ဆုံးကစားသမားဖြစ်နေတယ်။ သက် တူရွယ်တူချင်းအတူတူဆိုရင်တောင် ဘာပေလို ကစားသမားမျိုးက အသင်းတိုင်း မျှော်လင့်နိုင် တဲ့ ကစားသမားမျိုးမဟုတ်ဘဲ လစ်မစ်ရှိပါ တယ်။ ဟော်လန်းကတော့ ကမ္ဘာ့ထိပ်တန်းအ သင်းတော်တော်များများ တတ်နိုင်တဲ့ စျေးတန်း မှာ ရှိနေတဲ့အတွက် သူ့ကို ဝိုင်းလုမယ့် တိုက်ပွဲ က ပိုပြင်းထန်လိမ့်မယ်လို့လည်း ယူဆရတယ်။ ဟော်လန်းကို လိုချင်နေတဲ့အသင်းတွေထဲမှာ ပရီးမီးယားလိဂ်အသင်းကြီးတွေလည်း ပါဝင် နေကြတယ်။ ဟော်လန်းရဲ့အဖေ အယ်လ်ဖီ ဟော်လန်းက ပရီးမီးယားလိဂ်ခေတ်ဦးမှာ ထင် ရှားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သားဖြစ်သူ ကို ပရီးမီးယားလိဂ်မှာ ကစားစေချင်တယ်ဆို တဲ့သတင်းတွေလည်း ရှိနေတယ်။ အထူးသဖြင့် အယ်လ်ဖီဟော်လန်းက မန်စီးတီးကစားသမား ဟောင်းတစ်ဦးဖြစ်နေတဲ့အတွက် မန်စီးတီးဟာ အခွင့်အရေးရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်မှု တွေလည်း မြင်နေရပါတယ်။ (Zawgyi ဖြင့်ဖတ်ရန်) ပရီးမီးယားလိဂ္အသင္းႀကီးမ်ားရဲ႕ အိပ္မက္ကစားသမား (သို႔မဟုတ္) ေဟာ္လန္း တခ်ိဳ႕အသင္းေတြက သူတို႔အသင္းရဲ႕ ကမာၻေက်ာ္တိုက္စစ္မႉးေတြ ကို ဆုံးရႈံးရမွာမို႔၊ တခ်ိဳ႕အသင္းေတြကေတာ့ သူ တို႔အသင္းရဲ႕အားနည္းေနတဲ့ တိုက္စစ္ကိုအား ျဖည့္ဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ တိုက္စစ္မႉး သစ္ရွာၾကမယ့္အထဲမွာ ေဟာ္လန္းက နာမည္ အထြက္ဆုံးကစားသမားျဖစ္ေနတယ္။ သက္ တူ႐ြယ္တူခ်င္းအတူတူဆိုရင္ေတာင္ ဘာေပလို ကစားသမားမ်ိဳးက အသင္းတိုင္း ေမွ်ာ္လင့္ႏိုင္ တဲ့ ကစားသမားမ်ိဳးမဟုတ္ဘဲ လစ္မစ္ရွိပါ တယ္။ ေဟာ္လန္းကေတာ့ ကမာၻ႔ထိပ္တန္းအ သင္းေတာ္ေတာ္မ်ားမ်ား တတ္ႏိုင္တဲ့ ေစ်းတန္း မွာ ရွိေနတဲ့အတြက္ သူ႔ကို ဝိုင္းလုမယ့္ တိုက္ပြဲ က ပိုျပင္းထန္လိမ့္မယ္လို႔လည္း ယူဆရတယ္။ ေဟာ္လန္းကို လိုခ်င္ေနတဲ့အသင္းေတြထဲမွာ ပရီးမီးယားလိဂ္အသင္းႀကီးေတြလည္း ပါဝင္ ေနၾကတယ္။ ေဟာ္လန္းရဲ႕အေဖ အယ္လ္ဖီ ေဟာ္လန္းက ပရီးမီးယားလိဂ္ေခတ္ဦးမွာ ထင္ ရွားခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး သားျဖစ္သူ ကို ပရီးမီးယားလိဂ္မွာ ကစားေစခ်င္တယ္ဆို တဲ့သတင္းေတြလည္း ရွိေနတယ္။ အထူးသျဖင့္ အယ္လ္ဖီေဟာ္လန္းက မန္စီးတီးကစားသမား ေဟာင္းတစ္ဦးျဖစ္ေနတဲ့အတြက္ မန္စီးတီးဟာ အခြင့္အေရးရွိလာႏိုင္တယ္ဆိုတဲ့ သုံးသပ္မႈ ေတြလည္း ျမင္ေနရပါတယ္။

Share: