#Photo_News ဆိုစီဒက် - မန်ချက်စတာယူနိုက်တက်တို့၏ ယူရိုပါလိဂ် ရှုံးထွက် (၃၂)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းကြောင့် စပိန်တွင် ကစားမည့်မဟုတ်ဘဲ ဂျူဗင်တပ်စ်အသင်း၏ အိမ်ကွင်း Allianz Stadium တွင် ကစားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းများကြောင့် ဘင်ဖီကာ - အာဆင်နယ်တို့၏ ယူရိုပါလိဂ် ရှုံးထွက် (၃၂)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို ရောမတွင် လည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်ကို ဂရိတွင် လည်းကောင်း ကစားမည်ဖြစ်ကြောင်း သိရသည်။ ယူရိုပါလိဂ် ရှုံးထွက် (၃၂)သင်းအဆင့် ပထမအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီ (၁၈)ရက်နှင့် ဒုတိယအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီ (၂၅)ရက်တွင် ကစားမည်ဖြစ်သည်။ ■ Zawgyi ဖြင့်ဖတ်ရန် ဆုိစီဒက္ - မန္ခ်က္စတာယူႏုိက္တက္တို႔၏ ယူ႐ုိပါလိဂ္ ႐ႈံးထြက္ (၃၂)သင္းအဆင့္ ပထမအေက်ာ့ပဲြစဥ္ကုိ ကုိ႐ုိနာဗုိင္းရပ္စ္စည္းမ်ဥ္းေၾကာင့္ စပိန္တြင္ ကစားမည့္မဟုတ္ဘဲ ဂ်ဴဗင္တပ္စ္အသင္း၏ အိမ္ကြင္း Allianz Stadium တြင္ ကစားမည္ျဖစ္ေၾကာင္း သိရသည္။ ထုိ႔ေၾကာင့္ ကုိ႐ုိနာဗုိင္းရပ္စ္စည္းမ်ဥ္းမ်ားေၾကာင့္ ဘင္ဖီကာ - အာဆင္နယ္တုိ႔၏ ယူ႐ုိပါလိဂ္ ႐ႈံးထြက္ (၃၂)သင္းအဆင့္ ပထမအေက်ာ့ပဲြစဥ္ကုိ ေရာမတြင္ လည္းေကာင္း၊ ဒုတိယအေက်ာ့ပဲြစဥ္ကုိ ဂရိတြင္ လည္းေကာင္း ကစားမည္ျဖစ္ေၾကာင္း သိရသည္။ ယူ႐ုိပါလိဂ္ ႐ႈံးထြက္ (၃၂)သင္းအဆင့္ ပထမအေက်ာ့ပဲြစဥ္မ်ားကုိ ေဖေဖာ္၀ါရီ (၁၈)ရက္ႏွင့္ ဒုတိယအေက်ာ့ပဲြစဥ္မ်ားကုိ ေဖေဖာ္၀ါရီ (၂၅)ရက္တြင္ ကစားမည္ျဖစ္သည္။ Photo: Getty Images

Share: