👉🏻💥 အသင်းကစားပုံပြောင်းဖို့လိုအပ်နေပြီလို့ ဆံပင်ပုံစံမကြာခဏပြောင်းနေတဲ့ Hair Designer #ပေါ့ဘာ သုံးသပ် 💥👈🏻 ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆံပင်ပုံစံခဏခဏပြောင်းတာကလွဲလို့ ကွင်းတွင်းခြေစွမ်း သိသိသာသာမပြောင်းလဲသေးတဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာက လက်စတာနဲ့ပွဲမှာ သူတို့အသင်းရှုံးသင့်ပြီး အသင်းရဲ့ကစားဟန်ကို အပြောင်းအလဲလုပ်သင့်နေပြီလို့ သုံးသပ်လိုက်ပါတယ်။ရာသီအစပိုင်း(၃)ပွဲလောက်မှာ ဂိုးဖန္တီး(၇)ကြိမ်လုပ်ပြီးကတည်းက သူ့အတွက် ၂၀၂၁-၂၂ ရာသီကုန်ဆုံးသွားပြီဆိုပြီးတော့ သတ်မှတ်လိုက်သလားလို့ထင်ရလောက်အောင် နောက်ပိုင်းပွဲတွေမှာ ဘာမှကိုမလုပ်နိုင်တော့တဲ့ပေါ့ဘာဟာ အခုလက်စတာနဲ့ပွဲမှာလည်း ဆံပင်ကြောင်ကျားနဲ့လျှောက်ပြေးနေရုံကလွဲလို့ ဘာမှမလုပ်ပြနိုင်ခဲ့ပြန်ပါဘူး။ယူနိုက်တက်အသင်းဟာ အခုပြဲမွာ လက္စတာကို (၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၂၀၊ ဇန်နဝါရီလတုန်းက လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အဝေးကွင်း(၂၉)ပွဲဆက်ရှုံးပွဲမရှိစံချိန်မှတ်တမ်းရပ်တန့်သွားပြီဖြစ်သလို ၂၀၁၉၊ ဧပြီလတုန်းက အဲဗာတန်အသင်းနဲ့ပွဲမှာ(၄-၀)ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲနောက်ပိုင်း အဝေးကွင်းဂိုးပြတ်ရှုံးပွဲနဲ့ပြန်လည်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ပွဲအပြီးမှာ ပေါ့ဘာက ကျွန်တော်တို့အသင်း ရှုံးသင့်ပါတယ်။ အမှန်အတိုင်းပြောရရင် အရင်ကတည်းက အခုလိုမျိုးဂိုးပြတ်ရှုံးနိုင်လောက်တဲ့ပွဲတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတာပါ။အခုအချိန်အထိ ပြဿနာအရင်းအမြစ်ကို ရှာမတွေ့သေးဘဲ အလွယ်တကူနဲ့ဂိုးတွေပေး၊ ဘာမှအဓိပ္ပါယ်မရှိတဲ့ဂိုးတွေခွင့်ပြုနေရတာဖြစ်ပါတယ်။အခုထက်ပိုရင့်ကျက်ပြီး တည်ငြိမ်မှုရှိရှိနဲ့ ပြိုင်ဘက်အသင်းကို ဦးဆောင်နိုင်တဲ့ကစားဟန်မျိုးပြသနိုင်ဖို့လိုနေပါပြီ။ အဲဒီအတွက်အဖြေတစ်ခုရှာရတော့မှာဖြစ်ပြီး အသင်းက အပြောင်းအလဲလုပ်ဖို့လိုနေပြီလို့ထင်ပါတယ်။ကျွန်တော်တို့အသင်းအနေနဲ့ မှန်ကန်တဲ့စိတ်ဓာတ်ပိုင်းရှိဖို့၊ မှန်ကန်တဲ့နည်းဗျူဟာတွေချမှတ်နိုင်ဖို့လိုအပ်နေပြီး အဲဒီပုံစံနဲ့မှပဲ အခုပြဿနာကိုဖြေရှင်းနိုင်မှာပါလို့ပြောကြားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၇)ပြဲမွာ (၄)ပွဲမြောက်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်သလို ပရီးမီးယားလိဂ်(၃)ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တာကြောင့် အခုဆိုရင် အဆင့်(၅)နေရာမှာရပ်တည်နေရပြီဖြစ်ပါတယ်။အခု လက်စတာနဲ့ပွဲအပြီး လာမယ့်တစ်ပတ်ကျရင် အတ္တလန်တာနဲ့ချန်ပီယံလိဂ်ပွဲကစားရမှာဖြစ်သလို လီဗာပူးလ်၊ စပါး၊ မန်စီးတီးတို့နဲ့ပွဲကျပ်တွေ ဆက်တိုက်ကစားရမှာဖြစ်တာကြောင့် နည်းပြဆိုးလ်ရှားအတွက်တော့ အထုပ်ကြိုပြင်ထားသင့်နေပြီလို့ပဲပြောရမှာပါ။ #pogba #manutd #Creditလေးစားစွာဖြင့်

Share: