👉🏻💥 #နယူးကာဆယ်နဲ့ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ်ဂိုး ရခဲ့တဲ့ #ဟယ်ရီကိန်း 💥👈🏻 နောက်ဆုံးမှာ ပရီးမီးယားလိဂ်သွင်းဂိုး ရရှိခဲ့တဲ့ ဟယ်ရီကိန်းအား ဂျေမီရက်နပ်က ချီးကျူးပြောကြားလိုက်ပါတယ်။နယူးကာဆယ်ရဲ့ ဦးဆောင်ဂိုးအား ကိန်းက တော့တင်ဟမ်အသင်းအတွက် ဟိုဘ်ဂျက်ရဲ့ ဖန်တီးမှုကနေ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ဂိုးအတွက် လူကျွံဘောဖြစ်သလို မသေချာခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ ဂိုးအဖြစ် ခွင့်ပြုခဲ့ပါတယ်။ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ဖြစ်တာနဲ့အညီ ကိန်းဟာ ယခုနှစ်အတွင်း ကစားထားတဲ့ ၆ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့လို့ ဝေဖန်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။နိုင်ငံနဲ့ကလပ်အတွက် ခြေစွမ်းပျောက်ဆုံးနေပေမယ့် သူရဲ့ အရည်အသွေးနဲ့ ပက်သက်လို့သံသယမဖြစ်မိဘူးလို့ ရက်နပ်က ပြောပါတယ်။"ဟိုဘ်ဂျက်ဆီက ဘောလုံးရတာနဲ့ကိန်းက လျင်လျင်မြန်မြန်လှုပ်ရှားခဲ့တယ် သိပ်လှတဲ့ အဆုံးဖြစ်ပါတယ်။သူအတွက်ကတော့ အသာအယာကန်သွင်းလိုက်သလိုပါဘဲ ခြေစွမ်းဆိုတာ ခဏတာပါဘဲ ထိပ်တန်းအဆင့်က တည်မြဲပါတယ် မန်ကွီလိုက သူနောက်ထပ်ချပ်မကွာ လိုက်တာကြောင့် အကောင်းဆုံးပြေးလွှားနိုင်ခဲ့ပါတယ်။"ဟု ဆိုသည်။မန်စီးတီးအသင်းက ကိန်းကို ပြီးခဲ့တဲ့ အပြောင်းအေရွှ့မှာ စိတ်ဝင်စားခဲ့သော်လည်း အဆုံးမှာ အပြောင်းအရွှေ့ဖြစ်မလာခဲ့ပါဘူး။ အသက်၂၈နှစ်သားဟာ အသင်းမှာ စိတ်ဓာတ်ကျဆင်းနေသယောင်ဖြစ်ခဲ့ပြီး ရာသီအစ တော့တင်ဟမ်အသင်းရဲ့ ပွဲတွေမှာ သွင်းဂိုးတွေ ပျောက်ဆုံေးနခဲ့တာ ဖြစ်ပါတယ်။အခုတော့ နယူးကာဆယ်နဲ့ပွဲမှာ ပရီးမီးယားလိဂ်ဂိုးစရခဲ့ပြီ ဖြစ်လို့ လာမယ့်ပွဲတွေမှာ ပုံမှန်ဂိုးသွင်းနိုင်ဖို့ကိန်း မျှော်မှန်းသွားနိုင်ပါတယ်။ပြီးခဲ့တဲ့ရာသီက ကိန်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၃ဂိုး တော့တင်ဟမ်အသင်းအတွက် သွင်းယူပေးခဲ့ပါတယ်။ #harrykane #Creditလေးစားစွာဖြင့်

Share: