👉🏻💥 ပြိုင်ဘက်တွေထက် အသံတိတ်ပြီး ခြေစွမ်းပြနေတဲ့ #ချဲလ်ဆီးက ပရီးမီးယားလိဂ္ခ်န္ပီယံ ပိုဖြစ်နိုင်တယ်လို့ #ဂယ်ရီနဗီးလ် ခန့်မှန်း 💥👈🏻 ဘောလုံးပွဲသုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ဒီရာသီပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ဘက်တွေထက် အသံတိတ်ပြီး ခြေစွမ်းပြနေတဲ့ ချဲလ်ဆီးအနေနဲ့ ပိုပြီးဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့လုပ်ဆောင်နေတဲ့ ချဲလ်ဆီးဟာ လက်ရှိမှာလည်း အမှတ်ပေးဇယားကို ဦးဆောင်ထားပြီးလီဗာပူးကို ၁ မှတ် ၊ မန္စီးတီးကို ၂ မှတ် ဖြတ်ထားနိုင်တာ ဖြစ်ပါတယ်။ဒီရာသီပရီးမီးယားလိဂ် ၈ ပွဲကစားပြီးချိန်မှာ ချဲလ်ဆီးအသင်းအနေနဲ့ ဂိုးမေပးရတဲ့ပြဲ က ၅ ပြဲအထိ ရှိခဲ့တယ်လို့လည်း အချက်အလက်တွေအရ သိရပါတယ်။ ဘရန္ဖို့ဒ္ကို ချဲလ်ဆီးအနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ Sky Sports ကနေတဆင့် ဂယ်ရီနဗီးလ်က " ပြီးခဲ့တဲ့ ၃ ၊ ၄ နှစ်အတွင်းမှာ မန်စီးတီးနဲ့ လီဗာပူးတို့က စွမ်းဆောင်ရည်ကောင်းလာတယ်လို့ လူတိုင်းပြောကြပါမယ်။ ချဲလ်ဆီးနဲ့ပွဲတုန်းက မန်စီးတီးအသင်းရဲ့စွမ်းဆောင်ရည်ကလည်း အံ့မခန်းပါပဲ။ ဒါပေမယ့် ဘရန်ဖို့ဒ်နဲ့ပွဲမှာ ချဲလ်ဆီးအနေနဲ့ ပြဲအစ ၁၅ မိနစ်လောက်ပဲ ခက်ခဲခဲ့ပြီး တစ်ပွဲလုံးအကောင်းဆုံး ကစားနိုင်ခဲ့တာကိုမြင်မှာပါ။ သူတို့ဟာ ချန်ပီယံဆုရဖို့အတွက် လုံလောက်တဲ့အခြေအနေမှာ ရှိနေပါပြီ"လို့ ပြောခဲ့ပါတယ်။ #garyneville #chelsea #Creditလေးစားစွာဖြင့်

Share: