👉🏻💥 #လီဗာပူးသမိုင်းမှာ ဂိုးသွင်းစံချိန်သစ် တင်ခဲ့ပြန်တဲ့ #ဆာလာ 💥👈🏻 မိုဟာမက် ဆာလာဟာ လီဗာပူးသမိုင်းမှာ ၉ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာတဲ့နောက် ကလပ်မှာ သူ့ရဲ့ အောင်မြင်မှုတွေထဲမှာ မှတ်တမ်းသစ်တစ်ရပ်ကို ရရှိခဲ့ပါတယ်။အီဂျစ်သားဟာ အက်သလက္တီကို မက္ဒရစ္ကို ၃-၂ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ယာဂန်ကလော့ပ်ရဲ့အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာလဲ ပင်နယ်တီကနေ နောက်တဂိုး ထပ်ရခဲ့တာပါ။၂၀၂၁-၂၂ ရာသီအစအတွင်း အန္ဖီးမွာ သူဟာ ထူးချွန်စွာ စွမ်းဆောင်ပြခဲ့ပြီး သူ့ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းတွေ ဆက်လက်ရရှိနေတာနဲ့အတူ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒီရာသီ ပြိုင်ပွဲစုံ ၁၂ ဂိုး ရရှိထားပြီးဖြစ်တဲ့ ဆာလာဟာ ဩဂုတ်လနှောင်းပိုင်းတုန်းက ချယ်ဆီးနဲ့ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ ပင်နယ်တီကနေ ဂိုးစတင်ရရှိခဲ့တာပါ။အဲ့နောက်ပိုင်း သူဟာ လိဒ်စ်၊ မီလန်၊ ပဲလေ့စ်၊ ဘရန့်ဖို့ဒ်၊ ပေါ်တို၊ မန္စီးတီး၊ ဝက်ဖို့ဒ်တို့နဲ့ ပွဲတွေမှာ ဆက်တိုက်ဂိုးသွင်းယူခဲ့တာဖြစစ်ပါတယ်။ဒီကာလအတွင်း လီဗာပူးကစားခဲ့တဲ့ ပွဲတွေမှာ သူဂိုးမသွင်းနိုင်ခဲ့တဲ့ တစ်ပွဲတည်းသော ပွဲစဉ်ကတော့ နောဝစ်ခ်ျနဲ့ ကာရာဘောင်းဖလားပွဲစဉ်ဖြစ်ပြီး အကြောင်းအရင်းကတော့ အဲ့ဒီ့ပွဲရဲ့ လူစာရင်းထဲမှာ သူမပါဝင်ခဲ့တာကြောင့်ပါ။အခု တီကိုနဲ့ပွဲမှာလဲ ဂိုးသွင်းနိုင်ခဲ့တာကြောင့် သူဟာ ကလပ်သမိုင်းမှာ ၉ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ဆာလာရဲ့ အဖွင့်ဂိုးအပြီး မိနစ်အနည်းငယ်ကြာမှာ နာဘီကီတာက နောက်တဂိုး သွင်းယူပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ဂရစ်ဇ်မန်းရဲ့ ချေပဂိုး ၂ ဂိုး ပြန်ပေးခဲ့ရပါတယ်။ဒါကြောင့် ကလော့ပ်ရဲ့ အသင်းဟာ ချန်ပီယံလိဂ်ပွဲတစ်ပွဲအတွင်း ပထမပိုင်းမှာပဲ ၂ ဂိုးသွင်း၊ ၂ ဂိုးပြန်ပေးခဲ့ရတဲ့ ပထမဆုံး လီဗာပူးအသင်း ဖြစ်သွားခဲ့ပါတယ်။ဒါပေမယ့် ဆာလာကေတာ့ ဆာလာရဲ့ပုံစံအတိုင်းပဲ ဒုတိယပိုင်းမှာ ပင်နယ်တီကနေ လိုအပ်တဲ့ အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာကြောင့် မာဆေးဆိုက်သားတွေဟာ အနိုင် ၃ မှတ်နဲ့ အိမ်ပြန်နိုင်ခဲ့ပါတယ်။ #salah #liverpool #Creditလေးစားစွာဖြင့်

Share: