👉🏻💥 ၂၀၂၁ Ballon dOr ဆုရမယ့်သူကို ခန့်မှန်းလိုက်တဲ့ #ဆွာရက်ဇ် 💥👈🏻 ၂၀၂၁ ခုနှစ်ရဲ့ Ballon dOr ဆုကို ဘယ်သူရမလဲဆိုတာ ပရိသတ်တွေစိတ်ဝင်တစားစောင့်ကြည့်နေပြီး အခုလောလောဆယ် ဘန္ဇီမာ၊ လီဝန်ဒေါစကီး၊ စီရော်နယ်လ်ဒို၊ ဂျော်ဂျင်ဟိုတို့က အပြိုင်အဆိုင်ရေပန်းစားနေကြတာဖြစ်ပါတယ်။Ballon dOr ဆုကိုင်မြှောက်နိုင်မယ့်သူက ဘယ်သူလဲဆိုတာ လာမယ့်နိုဝင်ဘာ(၂၉)ရက်ကျရင်အဖြေပေါ်မှာဖြစ်ပေမယ့် မီဒီယာတွေသာမက ဘောလုံးသမားတွေကိုယ်တိုင်ပါ ဆုရမယ့်သူကို ကြိုတင်ရင်ခုန်ခန့်မှန်းနေကြသလို မကြာသေးခင်က စပိန်နာမည်ကျော်အားကစားသတင်းစာ Marca ဟာ ၂၀၂၁ Ballon dOr ဆု ဘယ်သူရမလဲဆိုတာ ပရိသတ်တွေဆီကနေ မဲဆန္ဒကောက်ခံခဲ့တော့ (၃၄%)က မက်ဆီကို မဲပေးခဲ့ကြပြီး ဘန္ဇီမာကို (၂၇%)၊ လီဝန်ဒေါစကီးကို (၁၁%)မဲပေးခဲ့ကြပါတယ်။အခု အက်သလက်တီကိုတိုက်စစ်မှူးဆွာရက်ဇ်က Ballon dOr ဆုနိုင်မယ့်သူကို ခန့်မှန်းလိုက်ပြီး သူကေတာ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ မက်ဆီပဲ ပြိုင်ဘက်မရှိဆွတ်ခူးသွားလိမ့်မယ်လို့ဆိုပါတယ်။ဆွာရက်ဇ်က Ballon dOr ဆုအတွက်ရွေးချယ်မယ်ဆိုရင် ကစားသမားတစ်ဦးဟာ (၁)နှစ်အတွင်းဘာတွေစွမ်းဆောင်ပြနိုင်ခဲ့လဲဆိုတာ တစ်ခုတည်းတင်မကဘဲ အဲဒီကစားသမားရဲ့အရည်အချင်းကိုပါထည့်စဉ်းစားဖို့လိုပါတယ်။ မက်ဆီဟာ ဒီနှစ်အတွင်း တစ်ဦးချင်းအောင်မြင်မှုတွေရယူခဲ့တာကြောင့် Ballon dOr ဆုနဲ့အထိုက်တန်ဆုံးဖြစ်ပြီး ဒီဆုအတွက် မက်ဆီနဲ့ယှဉ်နိုင်မယ့်သူမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။မက်ဆီဟာ ၂၀၂၁ ခုနှစ်အတွင်း အသင်းဟောင်းဘာစီလိုနာနဲ့ စပိန်ဘုရင့်ဖလားရယူခဲ့သလို အကြီးမားဆုံးအောင်မြင်မှုကတော့ အာဂျင်တီးနားအသင်းအတွက် ကိုပါအမေရိကဖလားရယူခဲ့ပြီး လက်ရွေးစင်အသင်းနဲ့ ပထမဆုံးအဓိကဆုဖလားရယူနိုင်ခဲ့တာပါပဲ။ မက်ဆီရဲ့ကစားသမားဘဝတစ်လျှောက်မှာ Ballon dOr ဆုကို (၆)ကြိမ်အထိရယူခဲ့ပြီး အကြိမ်အများဆုံးရရှိသူအဖြစ် ရပ်တည်နေသလို စံချိန်တင်အဖြစ် ၂၀၀၉၊၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွေမှာ (၄)နှစ်ဆက်တိုက်ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။ #messi #suarez #Creditလေးစားစွာဖြင့်

Share: