👉🏻💥 စီးရီးအေ စည်းမျဉ်းအရ #အင်တာမှာ ဆက်ကစားနိုင်ပဲ ကစားသမားဘ၀ အဆုံးသတ်ဖွယ် ရှိနေတဲ့ #အဲရစ်ဆင် 💥👈🏻 အင်တာမီလန်က မဖြစ်မနေ ရောင်းချရတော့မယ်လို့ တရားဝင် ကြေညာခဲ့ပြီးနောက် ခရစ္စတီယန် အဲရစ်ဆင်ဟာ ကစားသမားဘ၀ အဆုံးသတ်မယ့်အရေးနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ အဲရစ်ဆင်ဟာ ယူရို၂၀၂၀ ဖင်လန်နဲ့ ပွဲစဉ်မှာ နှလုံးရပ်ပြီး ကွင်းထဲလဲကျသွားခဲ့ပြီးနောက် နှလုံးစက်တပ်ကာ ရှင်သန်နေရတာ ဖြစ်ပါတယ်။စီးရီးအေစည်းမျဉ်းတွေအရ နှလုံးစက်တပ်ထားတဲ့ ကစားသမားတွေကို ပြိုင်ပွဲမှာ ထည့်သွင်း အသုံးပြုနိုင်ခြင်း မရှိတာကြောင့် အဲရစ်ဆင်တစ်ယောက် အင်တာက ထွက်ခွာရဖို့ သေချာနေပေမဲ့ သီအိုရီအရ ဆိုရင်တော့ အခြားနိုင်ငံတစ်ခုမှာ ကစားခွင့် ရနိုင်ပါသေးတယ်။ အီတလီနိုင်ငံဟာ နှလုံးပုံမှန်မဟုတ်တဲ ကစားသမားတွေကို အပျော်တမ်းရော၊ ပရော်ဖက်ရှင်နယ်အဆင့်မှာ ပါ ကစားခွင့် မပြုသလို အီတလီ အက်ဖ်အေရဲ့ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဘရာကိုနာရိုကလည်း ဒိန်းမတ်သားအနေနဲ့ နှလုံးစက်ကို ဖြုတ်မှသာ အီတလီမှာ ကစားနိုင်မယ်လို့ ဆိုထားခဲ့ပါတယ်။ဥပမာအားဖြင့် နှလုံးစက်တပ်ထားတဲ့ အေဂျက်စ် နောက်ခံလူ ဒါလေ ဘလိုင်းဟာ နှလုံးကြွက်သား ရောင်ရမ်းခြင်းကြောင့် နှလုံးစက်တပ်ထားရပေမဲ့ နယ်သာလန်အသင်းမှာရော၊ လိဂ်မှာရော ဆက်ကစားလျက် ရှိနေပါတယ်။ အဲရစ်ဆင်ရဲ့ ယူရိုတုန်းက အဖြစ်အပျက်ကတော့ ကမ္ဘာကို တုန်လှုပ်သွားစေခဲ့ပြီး ဒိန်းမတ်အသင်းသားတွေရဲ့ ကာကွယ်ပေးမှုကလည်း ကမ္ဘာကျော်ခဲ့ပါတယ်။အဲရစ်ဆင်ရဲ့ ဇနီးကို ဖြောင်းဖျပေးခဲ့တဲ့ အသင်ခေါင်းဆောင် ဆိုင်မွန် ကေဂျာ၊ ဆေးအဖွဲ့ကို အလျင်မြန်ဆုံး ခေါ်ပေးခဲ့တဲ့ အင်္ဂလန် ကွင်းလယ်ဒိုင် အန်တိုနီ တေလာတို့ဟာလည်း အသီးသီး ချီးကျူးမှုတွေနဲ့ ဆုတွေ ရခဲ့ပါတယ်။ အင်တာရဲ့ ထုတ်ပြန်ချက်မှာတော့ အဲရစ်ဆင်ကို မှတ်ပုံတင်ရမယ့် အခြေအနေမှာ ၂၀၂၁ခုနှစ် ဇွန်လက ယူရိုပြိုင်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် အဲရစ်ဆင်ဟာ အီတလီ ဆေးအဖွဲ့ကလည်း ဒီနှစ်ရာသီကို အနားယူဖို့ ဟန့်တားခြင်း ခံထားရပါတယ်လက်ရှိ ကစားသမားရဲ့ အခြေအနေက အီတလီမှာ သတ်မှတ်ထားတဲ့ ကြံ့ခိုင်မှု စံနှုန်းနဲ့ ကိုက်ညီခြင်း မရှိတာကြောင့် ကစားသမားအနေနဲ့ သူ့ကို လက်ခံယှဉ်ပြိုင်စေမယ့် နိုင်ငံတစ်ခုခုမှာ ဆက်ကစားနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။ #eriksen #Creditလေးစားစွာဖြင့်

Share: