👉🏻💥 #ပေါ့ဂ်ဘာနဲ့ #ရူဒီဂါကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ စီစဉ်နေတဲ့ #ရီးရဲလ်မက်ဒရစ် 💥👈🏻 ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိအသင်းတွေနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေ ဖြစ်နေကြတဲ့ ပေါလ်ပေါ့ဂ်ဘာနဲ့ အန်တိုနီယိုရူဒီဂါတို့ နှစ်ဦးကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ လာမယ့် အပြောင်းအရွှေ့တွေမှာတော့ ရီးရဲလ်အနေနဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူတော့မှာ မဟုတ်ပေမယ့် ပြောင်းရွှေ့ကြေး အလွတ်နဲ့ရမယ့် ကစားသမားတွေကိုတော့ အားစိုက်ခေါ်ယူသွားဖွယ် ရှိနေပါတယ်။အဲ့ဒီကစားသမားတွေထဲကမှ လက်ရှိမန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးခြင်းမရှိတဲ့ ပေါ့ဂ်ဘာကတော့ ရီးရဲလ်မက်ဒရစ် အလိုချင်ဆုံး ကစားသမား ဖြစ်နေပြီး ပြင်သစ်သားကို ခေါ်ယူဖို့အတွက် ဘဏ္ဍာရေးလုပ်ငန်းစဉ်တွေကို ဆန်းစစ်လျက်ရှိပါတယ်။ ပေါ့ဂ်ဘာရဲ့အေးဂျင့် မီနိုရွိုင်းအိုလာကိုယ်တိုင်က ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက သူ့ရဲ့ကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့ မဖြစ်နိုင်တော့ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။နောက်ထပ်ရီးရဲလ်ရဲ့ အလွတ်ပစ်မှတ်တစ်ခုကတော့ ချဲလ်ဆီးခံစစ်မှူး ရူဒီဂါဖြစ်ပါတယ်။ သူကလည်း ပေါ့ဂ်ဘာလိုပဲ ဇန်နဝါရီမှာ အကြိုသဘောတူညီမှု ရယူထားနိုင်ပြီဖြစ်တဲ့ ကစားသမားဖြစ်လို့ ဒေးဗစ်အလာဘာရဲ့ တွဲဖက်ကစားသမားအဖြစ် ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ လာမယ့်နှစ်ဇွန်လဆိုရင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရူဒီဂါနဲ့ ပေါ့ဂ်ဘာတို့လို ကစားသမားမျိုးတွေကို အလွတ်နဲ့ ရဖို့စောင့်ရမယ်ဆိုရင်တော့ လက်မှတ်ထိုးကြေးတွေ ပိုပေးရရင်တောင်မှ ရီးရဲလ်အနေနဲ့ ပျော်ပျော်ကြီး စောင့်မှာ သေချာပါတယ်။လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ အသင်းအတော်များများအတွက် နာမည်ကြီးကစားသမားတွေကို အလွတ်နဲ့ ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ အလာဘာကို အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာ ရီးရဲလ်ဟာ အလွတ်နဲ့ခေါ်ယူနိုင်မယ့် ကစားသမားတွေကိုသာ ပိုပြီးအာရုံစိုက်လာခဲ့ပါတယ်။ #pogba #rudiger #realmadrid #Creditလေးစားစွာဖြင့်

Share: